HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပဉ္စမအကြိမ် သမ္မတရွေးကောက်ပွဲမှ အယ်လ်ဂျီးရီးယား သမ္မတ နုတ်ထွက်

ပဉ္စမအကြိမ် သမ္မတရွေးကောက်ပွဲမှ  အယ်လ်ဂျီးရီးယား သမ္မတ နုတ်ထွက်

အယ်လ်ဂျီးယား၊ မတ် ၁၂

အယ်လ်ဂျီးရီးယားနိုင်ငံကို နှစ်ပေါင်း ၂ဝ ကျော် အုပ်စိုးလာ သည့်သမ္မတက လူထုဆန္ဒပြမှုများ များပြားလာသဖြင့် ၎င်း၏ပဉ္စမ မြောက် သမ္မတအရွေးခံမှုကို စွန့်လွှတ်လိုက်ကြောင်း၊ သို့ရာတွင် နောက်လတွင် ကျင်းပမည့်သမ္မတ ရွေးပွဲကို ရွှေ့ဆိုင်းလိုက်သဖြင့် ၎င်းသည် အာဏာကိုဆုပ်ကိုင်ရန် ကြံစည်နေသည်ဟု စိုးရိမ်လျက်ရှိကြ ကြောင်း AP သတင်းက မတ် ၁၂ ရက်တွင် ဖော်ပြလိုက်သည်။

သမ္မတအဗ္ဗဒီလာဇစ်ဘော်တီဖလီကာကို ၂ဝ၁၃ ခုနှစ် လေ ဖြတ်ရောဂါခံစားရပြီးနောက် လူထုကြား၌ မြင်ရခဲသည်ဟုဆိုသည်။ ယခုဂျီနီဗာတွင် ဆေးကုသမှု နှစ် ပတ်ခံယူပြီးနောက် နိုင်ငံသို့ ပြန်လည်ရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းကရွေးကောက်ပွဲအတွက် ကြီးကြပ်ရေးအဖွဲ့တစ်ခုဖွဲ့ကာ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ပြန်လည်သတ်မှတ်သွားမည်ဖြစ် ကြောင်း၊ ကြားဖြတ်အစိုးရတစ်ခုကိုလည်း ဖွဲ့စည်းပေးသွားမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်။


အစိုးရသတင်းဌာန APS က သမ္မတ၏ နိုင်ငံသို့ ကြေညာစာအား ဖော်ပြခဲ့ရာတွင် ဘော်တီဖလိကာ ၈၂ နှစ်က အယ်လ်ဂျီးရီး ယားစ်နိုင်ငံထူထောင်ရာတွင် လူငယ်များ အရေးကြီးကြောင်း၊ နိုင်ငံကို မျိုးဆက်သစ်လူငယ်များလက်ထဲသို့ ထည့်သွားရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့ရာတွင် ဆန္ဒပြပြည်သူများထဲ၌ပါဝင်မည့် ကျောင်းသားများ၊ ရှေ့နေများ၊ တရားသူကြီးများက ပြောကြားရာတွင် သမ္မတ၏ စာတွင် ပဉ္စမအကြိမ်ရွေးကောက်ပွဲကိစ္စကို ဖော်ပြမထားဟု ပြောခဲ့ ကြသည်။


အယ်လ်ဂျီးယားမြို့တော်၌ ဆန္ဒပြပြည်သူများပြည့်ကျပ်နေကာ မော်တော်ကားဟွန်းများကို အဆက်မပြတ်တီးခဲ့ကြကြောင်း၊ နိုင်ငံတော်သီချင်းကို ဟစ်ကြွေးကာ နိုင်ငံတော်အလံကို ဝှေ့ယမ်း ချီတက်ခဲ့ကြသည်ဟု သတင်းများက ဖော်ပြခဲ့သည်။ သမ္မတရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်သော်လည်း အချိန်ကို သတ်မှတ်ခြင်းမရှိမှုအပေါ်တွင် သံသယဝင်နေကြသည်ဟုဆိုသည်။


လက်ရှိပြည်ထဲရေးဝန်ကြီး နော်ရက်ဒင်ဘီဒူက ဝန်ကြီးချုပ်အ ဖြစ် ကြားဖြတ်အစိုးရကို တာဝန်ယူမည်ဟု အစိုးရသတင်းက ဖော် ပြခဲ့သည်။ ၎င်းမှာ သမ္မတကို သစ္စာခံသူဖြစ်သည်။ သမ္မတ၏ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ခြင်းမှာ အယ်လ်ဂျီးရီးယားနိုင်ငံ၏ ဒီမိုကရေစီကို ခြိမ်းခြောက်နေကြောင်း ဝေဖန်သူများက ပြောသည်။ 

Ref ; AP

#democracytoday

Rate this item
(0 votes)
back to top