HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ခေတ်မီဆန်းပြားသော လက်နက်များကြောင့် ရုရှားစစ်တပ် တောင့်တင်းခိုင်မာနေသည်ဟု ကာကွယ်ရေးဝန်ကြီး ဆို

ခေတ်မီဆန်းပြားသော လက်နက်များကြောင့် ရုရှားစစ်တပ် တောင့်တင်းခိုင်မာနေသည်ဟု ကာကွယ်ရေးဝန်ကြီး ဆို

မော်စကို၊ မတ် ၁၂

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အကြား ရုရှားစစ်တပ်တွင် ခေတ်မီဆန်းပြားသည့်လက်နက်များ တိုးပွားလာမှုကြောင့် အင်အားတောင့်တင်းမှုပို၍ဖြစ်ပေါ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူကပြောကြောင်း ဆင်ဟွာသတင်းက မတ် ၁၂ ရက်တွင်ဖော်ပြသည်။ ရုရှားစစ်တပ်သည် ခြောက် နှစ်အတွင့်း မျေ တိုက်ချင်းပစ်ဒုံး ပျံ ၁ဝ၉ စင်းကို ပိုင်ဆိုင်ခဲ့ကြောင်း၊ ထို့အပြင် ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သည့် ဒုံးပျံ ၁ဝ၈ စင်းကိုလည်း ရရှိခဲ့ကြောင်း ရှိုအီဂူက ပြည်သူ့ လွှတ်တော်လက်နက်ကိုင်များ ကော်မတီတွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ရုရှားစစ်တပ်သည် အာကာသယာဉ် ၅၇ စင်း၊မဟာဗျူဟာမြောက်ဒုံးပျံတပ် နျူကလီးယားရေငုပ်သင်္ဘော သုံးစင်း၊ ဒီဇယ်အင်ဂျင်ရေငုပ်သင်္ဘော ခုနစ်စင်း၊ ရေတပ်သင်္ဘော ၁၆၁ စင်း၊ အသစ်နှင့် ပြန်လည်အဆင့် မြှင့်ထားသည့် တင့်ကား ၃၇၁၂ စီး၊ လေယာဉ်နှင့်ရဟတ်ယာဉ်အစင်း ၁ဝဝဝ ကျော်ရှိကြောင်း ရှိုအီဂူက ပြောကြားခဲ့သည်။


ကုန်း၊ရေ၊ လေအခြေစိုက်စခန်းများတိုးပွားလာပြီး တာဝေးရှိ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် လက်နက်များလည်း ၁၂ ဆအထိ ၂ဝ၁၂-၂ဝ၁၈ အတွင်းတိုးပွားလာခဲ့ကြောင်း၊ ထိုအထဲတွင် အဆင့်မြင့်ပစ်မှတ်တိကျစွာပစ်နိုင်သည့် ခရုစ်ဒုံးပျံများလည်း အဆ ၃ဝ တိုးတက်လာခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။


ဤခြောက်နှစ်အတွင်း တပ်ရင်း ၃၈ ကိုတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ခေတ်မီမောင်းသူမဲ့ဒရုန်းလေယာဉ် ၂ဝဝဝ ကျော် တပ်ဆင်ပေးထား ကြောင်း၊ ထို့အပြင် တာလတ်ပစ် အာရုံခံပစ်ခတ်နိုင်သည့်ဒုံးပျံနှင့် တိုက်ခိုက်ရေးဒရုန်းလေယာဉ်များကို ယခုနှစ်တွင်စတင်အသုံးပြုသွားမည်ဟု ရှိုအီဂူကပြောခဲ့သည်။

Ref; Xinhua

#democracytoday

Rate this item
(0 votes)
back to top