HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များ ဖျက်သိမ်းရာတွင် အမြတ်မထုတ်ရန် အမေရိကန် သတိပေး  

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များ ဖျက်သိမ်းရာတွင်  အမြတ်မထုတ်ရန် အမေရိကန် သတိပေး   

ဝါရှင်တန်၊ မတ် ၁၂

အမေရိကန်နိုင်ငံ၏ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန် စတီဗင်ဘီဂန်က မြောက်ကိုရီးယားနိုင်ငံသည် သမ္မတဒေါ်နယ်ထရန့် ရာထူးသက်တမ်းမကုန်ဆုံးမီအတွင်း နျူကလီးယားလက်နက်များ စွန့်လွှတ်ခြင်းပြုလုပ်မည်ဟု အမေရိကန်နိုင်ငံက မျှော်လင့်ထားပြီး နျူကလီးယားလက်နက် ဖျက်သိမ်းရေးအကြောင်းပြပြီး အမြတ်မထုတ်ရန် ထုတ်ဖော်ပြော ကြားလိုက်သည်။

''နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အကြောင်းပြပြီး ကျွန်တော်တို့ကအမြတ်မထုတ်ပါဘူး''ဟုလည်း ၎င်းကဆက်လက် ပြောကြားလိုက်သည်။ ''ကျွန်တော်တို့အနေနဲ့ မြောက်ကိုရီးယားရဲ့ လုံးဝနျူကလီးယားဖျက်သိမ်းမှုတွေ မပြုလုပ်မချင်း အရေးယူပိတ်ဆို့မှု တွေကို ဆက်လက်ထားရှိမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ မြောက်ကို ရီးယားနဲ့ပတ်သက်ပြီး အပြည့်စုံ ဆုံးကြေညာချက်ပါပဲ''ဟု ဆက်လက်ပြောကြားလိုက်သည်။


''မြောက်ကိုရီးယားနဲ့ သဘောတူညီချက်တွေဟာ ခြုံငုံသဘော တူညီထားတာမရှိဘူး။ အချက်တစ်ချက်ချင်းစီအရသာ သဘောတူညီမှုပြုထားပါတယ်''ဟု ဆက်လက်ပြောကြားလိုက်သည်။ အထက်ပါအချက်များအား ဘီဂန်သည်ကာနေဂျီအင်ဒိုးမင့် နိုင်ငံတကာညီလာခံတွင်ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနှင့် အမေရိ ကန်နိုင်ငံတို့သည် ထိပ်သီးဆွေးနွေး ပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့ရာတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ပြုလုပ် ခဲ့သော ဒုတိယအစည်းအဝေးတွင် သဘောတူညီချက်များ မချမှတ်နိုင်ခဲ့ဘဲ ပြီးဆုံးခဲ့ရသည်။

Ref;AFP

#democracytoday

Rate this item
(0 votes)
back to top