HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

UK ပါလီမန်က မေ ၏ ပြန်လည် စိစစ်ထားသော ဘရက်ဇစ် သဘောတူညီမှုကို ပယ်ချ  

UK ပါလီမန်က မေ ၏ ပြန်လည် စိစစ်ထားသော ဘရက်ဇစ် သဘောတူညီမှုကို ပယ်ချ   

လန်ဒန်

ဗြိတိန်ပါလီမန်က ဝန်ကြီးချုပ်ထရီဆာ မေ၏ စိစစ်ထားသော ဘရက်ဇစ်သဘောတူညီမှုကို ပယ်ချခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက်က အောက်လွှတ် တော်တွင် ဘရက်ဇစ်သဘောတူညီမှုနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၄၂မဲ နှင့် ဆန့်ကျင်မဲ ၃၉၁ မဲဖြင့် ပယ်ချခံခဲ့ရခြင်း ဖြစ်သည်။ မစ္စထရီဆာမေသည် အီးယူနှင့် နောက်ဆုံးမိနစ်အထိ ဆွေးနွေးရာတွင် သဘောတူညီမှုကို ဥပဒေ ကြောင်းအရ အပြောင်းအလဲများပြုသည်ဆိုသောအပိုင်းတွင် အနိုင်ရရှိခဲ့သော်လည်း ဥပဒေပြု အမတ်တို့၏ သဘောတူလက်ခံမှုရရှိရေးတွင်မူ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ပါလီမန်သည် ဇန်နဝါရီလအတွင်းက နဂိုမူလ ဘရက်ဇစ်၏ သဘောတူညီမှုကိုပယ်ချခဲ့သည်။ ဥပဒေပြုအမတ်တို့က လာမည့်ဗုဒ္ဓဟူးနေ့တွင် သဘောတူညီမှုမရှိသော ဘရက်ဇစ်ဆီသို့ ဦးတည်မည့် ပြောင်းလဲမှုပြုနိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။ အကယ်၍ ဥပဒေပြု အမတ်တို့က သဘောတူညီမှုမရှိသည့် အီးယူမှထွက်ခွာမှုကို ရွေးချယ်ခဲ့မည်ဆိုပါက ဗြိတိန်နိုင်ငံအနေနှင့် မတ် ၂၉ ရက်၌ စီစဉ်ထားသည့်အတိုင်း အီးယူမှထွက်ခွာခဲ့မည်ဆိုလျှင် လူမှုရေးနှင့်စီးပွားရေး ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref: The Guardian , npr.org , NHK

#theyangontimes

Rate this item
(0 votes)
back to top