HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီးယူက Boeing 737 Max8 နှင့် 9 လေယာဉ်ပျံသန်းမှု အားလုံးကို ရပ်ဆိုင်း  

အီးယူက Boeing 737 Max8 နှင့် 9 လေယာဉ်ပျံသန်းမှု အားလုံးကို ရပ်ဆိုင်း   

ဘာလင်

ဥရောပလေကြောင်း ပျံသန်းရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုအေဂျင်စီ (EASA) ၏ အဆိုအရ ဥရောပတွင် Boeing 737 Max 8 နှင့် 9 လေယာဉ်ပျံသန်းမှု လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU) ၏ လေကြောင်းလုပ်ငန်းဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကပြောကြားရာတွင် အီသီယိုးပီးယားလေကြောင်းကုမ္ပဏီ၏ 737 Max 8 ခရီးသည်တင်လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် ကြိုတင်ကာကွယ်မှု ပြုသည့် ဆောင်ရွက်မှုအဖြစ် 737 Max 8 နှင့် 9 မော်ဒယ် လေယာဉ်များ၏ ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အီသီယိုးပီးယားမှ Boeing 737 Max လေယာဉ်သည် အက်ဒစ်အဘာဘာမြို့မှ ပျံတက်ပြီးနောက်နိုင်ရိုဘီသို့ ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပျက်မကျမီ လေယာဉ်မှူးက လေယာဉ်တွင် ပြဿနာရှိကြောင်း သတင်းပို့အကြောင်းကြားခဲ့သည်။ EASA ၏ အဆိုအရ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုနေဆဲဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် မတော်တဆ ဖြစ်ပွားမှုအပေါ် ကောက်ချက်တစ်စုံတစ်ရာချရန်စောလွန်းနေသေးကြောင်း သိရသည်။

Ref: NHK , New York Times

#theyangontimes

Rate this item
(0 votes)
back to top