HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နယူးမက္ကဆီကိုပြည်နယ်တွင် အစိုးရဦးစီး၍ တရားဝင် ဆေးခြောက်အရောင်းဆိုင် ဖွင့်လှစ်  

နယူးမက္ကဆီကိုပြည်နယ်တွင် အစိုးရဦးစီး၍ တရားဝင် ဆေးခြောက်အရောင်းဆိုင် ဖွင့်လှစ်   

စန်တာဖေး(နယူးမက္ကဆီကို)၊ မတ် ၁၃

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်သည် ပထမဆုံးသော အစိုးရပိုင်ဆေး ခြောက်ရောင်းသော တရားဝင်ဆိုင်တစ်ဆိုင် ဖြစ်လာပြီး ဆေးဝါးအလို့ငှာအသုံးပြုနိုင် သော ဆေးခြောက်နှင့် ဆေးခြောက်ထွက် ပစ္စည်းဆိုင်ဖြစ်လာသည်ဟု မတ် ၁၃ ရက် သတင်းများအရသိရှိရသည်။

ယင်းအရောင်းဆိုင်ကို ပြည်နယ် အထက်လွှတ်တော်အမတ်များ၊ ဒေသန္တရ ရီပတ်ဘလီကန်ပါတီများနှင့် အိုသိုဒေါ့စ်ခရစ် ယာန်အဖွဲ့သုံးဖွဲ့က ကြီးကြပ်ရောင်းချပေးသည်ဟုသိရှိရသည်။ ဆေးဖက်ဝင်သုံးစွဲမည့်ဆေး ခြောက်များကို ငွေကြေးအင်အားချို့တဲ့ကာ ကျန်းမာရေးဝေဒနာခံစားရသူများ လွယ်လင့်တကူ ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ဆိုင်တာဝန်ခံတစ်ဦးက ထုတ်ဖော်ပြော ဆိုလိုက်သည်။

 

''အရင်က ခိုးကြောင်ခိုးဝှက် ဝယ်ယူရတဲ့ ဆေးခြောက်ဟာခုတော့ ကျန်းမာရေးအရ လိုအပ်ရင်ဗြောင်ပဲဝယ်ယူလို့ရပါပြီး။ ဈေးနှုန်းလည်း သင့်တင့်ချိုသာပြီး ဆင်းရဲသားရောဂါရှင်တွေ လက်လှမ်းမီတယ်'' ဟု ဆေးခြောက်ဥပဒေ ကျွမ်းကျင်ကာလီဝု(ဖ်)က ထုတ်ဖော်ပြောဆိုလိုက်သည်။ နယူးယောက်နှင့် နယူးဂျာစီပြည်နယ် များတွင် ဆေးခြောက်ကို တရားဝင်ဖြစ်လာ စေရန် ဥပဒေရေးရာကြိုးပမ်းနေဆဲဖြစ်သည်။ နယူးမက္ကဆီကိုပြည်နယ်တွင် ဆေး ခြောက် တစ်အောင်စ အရောင်းပေါ်မှ ၁၇ ရာခိုင်နှုန်းအခွန်အဖြစ် ပေးဆောင်ရ လေသည်။ ဆေးခြောက် သုံးစွဲမှုကို ကန့်ကွက်သူ လု(ခ်)နီဖိုးရာတို့စ်က ''ဆေးခြောက်ကို အစိုးရကတရားဝင် ရောင်းပြီဆိုတော့ စဉ်းစားသာကြည့်တော့ပေါ့ဗျာ ဗြောင်ရောင်း ဗြောင်းဝယ်လုပ်နိုင်ပြီပေါ့''ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။
 

Ref: AP

#democracytoday

Rate this item
(0 votes)
back to top