HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဘရာဇီးနိုင်ငံ ဆော်အိုပေါ်လိုမြို့ရှိ စာသင်ကျောင်း၌ သေနတ်ပစ်မှုဖြစ်ပွား၊ ဆယ်ဦးသေဆုံး

ဘရာဇီးနိုင်ငံ ဆော်အိုပေါ်လိုမြို့ရှိ စာသင်ကျောင်း၌ သေနတ်ပစ်မှုဖြစ်ပွား၊ ဆယ်ဦးသေဆုံး

ဆော်အိုပေါ်လို၊ မတ် ၁၄ 

ဘရာဇီးနိုင်ငံ၏ အကြီးဆုံး မြို့တော်ဆော်အိုပေါ်လို၌ စာသင် ကျောင်းတစ်ခုတွင် သေနတ်ပစ်မှု ဖြစ်ပွားခဲ့ရာ ဆယ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားခဲ့ ကြကြောင်း၊ ဆင်ဟွာသတင်းက မတ် ၁၄ ရက်တွင်ဖော်ပြလိုက်သည်။ သေဆုံးသူများတွင် ကျောင်း သားခုနစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် သေနတ်သမားနှစ်ဦးတို့ ပါဝင်ကြ သည်။ သေနတ်သမားများမှာ ထို နေရာ၌ပင် ကိုယ့်ကိုယ်ကိုယ် ပစ် သတ်သေဆုံးသွားခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားလိုက် သည်။ ပစ်ခတ်မှုမှာ ရာဟူးလ်ဘရာ ဇီးအစိုးရကျောင်း၌ဖြစ်ကြောင်း ဆော်အိုပေါ်လိုမြို့၏ မြို့လယ်ခေါင် ရှိ ဂျာဒင်အင်ပီရေဒါအရပ်၌ဖြစ် ကြောင်း သက်ဆိုင်ရာကပြောသည်။

ကနဦးသတင်းများအရ လူ ရှစ်ယောက်သေဆုံးခဲ့သည်ဟု ဖော် ပြခဲ့သည်။ သို့ရာတွင်ဒဏ်ရာပြင်း ထန်သူများ ဆေးရုံပို့ပြီးသေဆုံးခဲ့ ၍ သေဆုံးသူများလာကြောင်း၊ ဆေးရုံသို့တင်ပို့ခဲ့ရသူ ၁၇ ဦးရှိ ကြောင်းဆေးရုံကပြောခဲ့သည်။ သေနတ်သမားများသည် တိုက် ခိုက်ရေးသေနတ်နှင့် ဓားများကို အသုံးပြုခဲ့ကြကြောင်း ကျောင်း သားများပြေးလွှား၍ လူပိပြိုလဲမှု များဖြစ်ပေါ်ခဲ့ရကြောင်း သက်ဆိုင် ရာကပြောခဲ့သည်။


ဗုံးရှာဖွေရေး အဖွဲ့တစ်ခုကို အဆိုပါကျောင်းသို့ စေလွှတ်ခဲ့ ကြောင်း၊ မျက်မြင်သက်သေများ၏ပြောကြားချက်အရ လူနှစ်ဦးမှာ ကျောင်းထဲသို့ ပေါက်ကွဲပစ္စည်း အထုပ်ကိုထမ်းကာ ဝင်ရောက်လာ ခဲ့သည်ဟုဆိုသည်။ သေနတ်ပစ် ခတ်မှုသတင်းကြောင့် ကျောင်းသား မိဘများ ကျောင်းသို့ရောက်ရှိလာ ခဲ့ကြသည်။


ဆော်အိုပေါ်လိုပြည်နယ်အုပ် ချုပ်ရေးမှူးဂျိုအိုဒေါ်ရီယာက ''ကျွန် တော့်တစ်သက်မှာ တစ်ခါမှမတွေ့ ဖူးတဲ့ ဆိုးဆိုးရွားရွားဖြစ်ရပ်ပါ''ဟု ပြောကြားလိုက်သည်။ အဆိုပါကျောင်းမှာ မူလတန်း နှင့် အလယ်တန်းကျောင်းသားများ နှစ်သုတ်ခွဲ၍ တက်ရောက်နေသူ ကျောင်းသား ၁ဝဝဝခန့်ရှိကြောင်း သိရသည်။ 

Ref:,Xinhua

#democracytoday

Rate this item
(0 votes)
back to top