HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကင်ဂျုံနမ် အသတ်ခံရမှု သံသယရှိသူ ဗီယက်နမ်အမျိုးသမီး လွတ်မြောက်ရန် နည်းလမ်းရှာ

ကင်ဂျုံနမ် အသတ်ခံရမှု သံသယရှိသူ ဗီယက်နမ်အမျိုးသမီး လွတ်မြောက်ရန် နည်းလမ်းရှာ

ဟနွိုင်း၊ မတ် ၁၄

လွန်ခဲ့သော လေးရက်က အင်ဒိုနီးရှားအမျိုးသမီး ဆီတီအီစ် ယာသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ဖအေတူ မအေကွဲအစ်ကိုဖြစ်သူကိုသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည်မှာ နှစ်နှစ်ရှိပြီး သေဒဏ်ကျခံရဖွယ်ရှိနေခဲ့သည်။ သို့သော် သူမသည် အမှုမှလုံးဝလွတ်မြောက်သွားခဲ့သည်။ အီစ်ယာသည် အမှုမှလွတ်မြောက်ပြီး အင်ဒိုနီးရှားသို့ ပြန် ရောက်သွားသည့်အချိန်တွင် လူသတ်မှုနှင့်ပတ်သက်၍ သံသယရှိ သူတစ်ဦးအဖြစ် ကျန်တဲ့သူတစ်ဦး တရားရုံး၌ရင်ဆိုင်နေရသူက ဗီယက်နမ်နိုင်ငံသူ ဒွန်သီဟောင်ဖြစ်သည်။

ဗီယက်နမ်အရာရှိများက သူမကို လွှတ်ပေးရန်ထပ်မံတောင်းဆိုခဲ့ ကြသည်။ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဖန်ဘန်မင်းသည် မလေး ရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူ ဒင်အဗ္ဗဒူလာထံသို့ တယ်လီဖုန်း ဆက်သွယ်ကာ ဒွန်သီဟောင်၏အမှုကိုပြောကြားခဲ့ကြောင်း ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ မင်းက မလေးရှားတရားရုံး သို့ဆက်သွယ်ကာ တရားမျှတ သောစီရင်ချက်ချမှတ်ကာ ဒွန်သီ ဟောင်ကို လွှတ်ပေးရန်တောင်း ပန်ခဲ့သည်ဟုဆိုသည်။


ဟောင်၏အမှုကို မတ် ၁၄ ရက်တွင် ပြန်လည်စတင်စစ်ဆေး ခဲ့သည်။ ဟောင်၏ ရှေ့နေများက ဟောင်ကိုလည်း လူသတ်မှုစွပ်စွဲ ချက်မှပယ်ဖျက်ပေးရန် အစိုးရထံ သို့တင်ပြခဲ့ကြသည်ဟုဆိုသည်။ ဝေဖန်သူများက ဟောင်ကိုမလွှတ် ပေးခဲ့ပါက မလေးရှားနှင့်ဗီယက် နမ်အကြား ပြဿနာဖြစ်လာ နိုင်သည်ဟု ရောမမြို့ ကာဘို့ တက္ကသိုလ်မှ ဘရစ်ဂျစ်ဝီလ်ရှ်က ပြောကြားခဲ့သည်။


ဟောင်နှင့် အီစ်ယာတို့ သည် ကင်ဂျုံနမ်၏မျက်နှာကို အဆိပ်ငွေ့ပါသောအဝတ်ကိုသုံးကာ ကွာလာလမ်ပူလေဆိပ်တွင် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျူးလွန်ခဲ့ကြသည်ဟုဆိုသည်။ ၎င်းတို့က TV တွင် ပြရန်အတွက် နောက်ပြောင်ခြင်း ဟုသာထင်ခဲ့ကြောင်း ထွက်ဆိုခဲ့ ကြသည်။ သူမတို့နှစ်ဦးက ကင် ဂျုံနမ်သတ်ဖြတ်ခံရမှုတွင် ဖမ်းဆီး ခံခဲ့ရပြီးမြောက် ကိုရီးယားလေးဦး မှာ ကင်အသတ်ခံရသည့်နေ့၌ ပင် မလေးရှားမှထွက်ပြေးသွားခဲ့ ကြသည်။


မလေးရှားတရားရုံးက အီစ်ယာနှင့်ဟောင်တို့သည် ကင် အားသတ်ဖြတ်မှု၌ ထင်ရှားသော သက်သေအထောက်အထား တွေ့ရှိကြောင်းဆုံးဖြတ်ခဲ့ပြီး၊ ယခုမှ အီစ်ယာကို ပြန်လွှတ်ခဲ့မှုအ ပေါ် မလေးရှားလူထုကအံ့သြ သွားခဲ့ကြသည်ဟုဆိုသည်။ ဤကိစ္စမှာ နိုင်ငံရေးပယောဂ ပါဝင်ပြီး မဟာသီယာက အင်ဒိုနီးရှားနှင့် ရင်းနှီးမှုတိုးတက်လို၍ ဖြစ် သည်ဟုဆိုသည်။ ကင်အား သတ်ဖြတ်မှုကို ကွာလာလမ်ပူရှိ မြောက်ကို ရီးယားသံရုံးက လုပ် ဆောင်သည်မှာထင်ရှားကြောင်း၊ အဆိုပါ အမျိုးသမီးနှစ်ဦးမှာကြို တင်ကြံစည်မှုလည်းမရှိဘဲ သက် သေမခိုင်လုံသဖြင့် မလေးရှား ဥပဒေနှင့်မညီဟု တရားခံရှေ့နေ များက ပြောခဲ့ကြသည်။


အင်ဒိုနီးရှားက အီစ်ယာလွတ်မြောက်ရန် သမ္မတအဆင့်ထိ ဆွေးနွေးခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ဗီယက်နမ်အစိုးရက ဟောင် လွတ် မြောက်ရေးအတွက်တွန်းအားပေးမှုနည်းနေသည်ဟုဆိုသည်။ ဟောင်က တရားရုံးတွင် အီစ်ယာကို လွှတ်သည်မှာ မတရားကြောင်း၊ သူမကိုလည်း အလားတူလွှတ်ပေးသင့်ကြောင်း ပြောခဲ့သည်ဟု သူမ၏ရှေ့နေက ဆိုသည်။

Ref: AP

#democracytoday

 

Rate this item
(0 votes)
back to top