HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မြန်နှုန်းမြင့် စူပါကွန်ပျူတာကို ဗြိတိန် တည်ဆောက်မည်

မြန်နှုန်းမြင့် စူပါကွန်ပျူတာကို ဗြိတိန် တည်ဆောက်မည်

လန်ဒန်၊ မတ် ၁၄

ဗြိတိန်နိုင်ငံ စကော့တလန်ရှိ အီဒင်ဘရာတက္ကသိုလ်သည် မြန်နှုန်းမြင့် စူပါကွန်ပျူတာတည် ဆောက်ရန် ရန်ပုံငွေဒေါ်လာ ၁ဝ၄ သန်းခွင့်ပြုချက်ရရှိခဲ့ကြောင်း အဆိုပါကွန်ပျူတာသည် စက္ကန့်တိုင်း၌ လုပ်ငန်းစဉ် ထရီလီယံ ၁ဝဝဝဝ ကို ထုတ်ပေးနိုင်စွမ်းရှိမည်ဖြစ်သည်။ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟာမွန်းက ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ဤဘတ်ဂျက်ကို ၎င်းက ပါလီမန်နွေဦးဘတ်ဂျက်နှင့် စီးပွားရေးကိစ္စကိုတင်ပြစဉ် ပြော ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဟာမွန်းက ၎င်း၏ကြေညာချက်၌ ဖော်ပြခဲ့ရာတွင် အမေရိ ကန်ဒေါ်လာ ၂၆၄ သန်း ရန်ပုံငွေ အား ဗြိတိန်နိုင်ငံကိုအီးယူအဆင့် နှင့်ညီပြီး ကမ္ဘာ့ရှေ့ဆောင်နိုင်ငံအဖြစ် ထိန်းသိမ်းထားရန် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ ဤအမျိုးသားမဟာကွန်ပျူ တာသစ်မှာ လက်ရှိဗြိတိန်တွင် အသုံးပြုနေသည့် ကွန်ပျူတာထက် လုပ်ငန်း ၁ဝ ဆပို၍ လျင်မြန်မည် ဖြစ်ကြောင်း၊ ရိုးရာစားပွဲတင်ကွန်ပျူ တာများထက် အဆထောင်ပေါင်းများစွာ မြန်ဆန်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားလိုက်သည်။


ဤကွန်ပျူတာသည် ပြီးပြည့် စုံရမည်ဖြစ်ပြီး၊ ဆေးပညာစူးစမ်း ရှာဖွေမှု၊ ရာသီဥတုသိပ္ပံပညာနှင့် အာကာသစူးစမ်းမှုများအပြင် ဗြိတိန်က မူလကလုပ်ဆောင်နေသည့် အဆစ်ရောင်ရောဂါနှင့် HIV ရောဂါ ကုသမှုများကို ဖော်ထား သွားမည်ဖြစ်ကြောင်း ၎င်းကဖော် ပြခဲ့သည်။ မိမိက ထပ်မံပြောကြားလိုသည်မှာ ဤမဟာကွန်ပျူတာသည် တွက်ချက်မှုကို တစ်စက္ကန့်လျှင် ၁ဝဝဝဝ ထရီလီယံလုပ်နိုင် စွမ်းရှိမည်ဖြစ်၍ အလွန်အံ့သြဖွယ်ရာဖြစ်မည်ဖြစ်ကြောင်း ဟာမွန်းက ပြောကြားလိုက်သည်။ အခြားသုတေသနလုပ်ငန်းများမှာ ကင်းဘရစ်ဂ်ျတက္ကသိုလ်တွင် မျိုးရိုးဗီဇသုတေသနနှင့် ခေတ်အမီဆုံး လေဆာသုတေသနကို အောက်စဖို့ဒ်တက္ကသိုလ်တို့ တွင်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောခဲ့သည်။


အောက်စဖို့ဒ်တက္ကသိုလ် ခေတ်မီလေဆာသုတေသနအတွက် ဒေါ်လာ ၁ဝ၇ သန်းခွင့်ပြုပြီး၊ ကျန်ဒေါ်လာ သန်း ၆ဝ ကို ကင်းဘရစ်ဂ်ျတက္ကသိုလ်၌ မျိုးရိုးဗီဇသု တေသနအတွက် အသုံးပြုသွားမည်ဟု ဟာမွန်းကဆိုသည်။ ဗြိတိန်၏ သုတေသနနှင့် နည်း ပညာလုပ်ငန်းမှာ အမေရိကန်ဒေါ် လာ ၄၈ ဘီလီယံတန်ဖိုးရှိကြောင်း၊ ဗြိတိန်နိုင်ငံ၏ စီးပွားရေး၌ပါဝင်ပြီး လူပေါင်း ၂၃၁ဝဝဝ အလုပ်လုပ်လျက်ရှိကြောင်း ဟာမွန်းကပြော ကြားသည်။

Ref; Xinhua

#democracytoday

Rate this item
(0 votes)
back to top