HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နယူးဇီလန်နိုင်ငံ ခရစ္စချခ်ျမြို့ရှိ ဗလီများတွင် သေနတ်ပစ်မှုဖြစ်ပွား ၄၉ ဦးသေဆုံး၊ သံသယရှိသူလေးဦး ဖမ်းဆီးထား

နယူးဇီလန်နိုင်ငံ ခရစ္စချခ်ျမြို့ရှိ ဗလီများတွင် သေနတ်ပစ်မှုဖြစ်ပွား  ၄၉ ဦးသေဆုံး၊ သံသယရှိသူလေးဦး ဖမ်းဆီးထား

ခရစ္စချခ်ျ၊ မတ် ၁၅

နယူးဇီလန်နိုင်ငံ ခရစ္စချခ်ျမြို့ရှိ ဗလီနှစ်ခုအား မတ် ၁၅ရက် မွန်းလွဲပိုင်းက သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၄၉ ဦး သေဆုံးခဲ့ကြောင်း ဤပစ်ခတ်မှုတွင် သံသယရှိသူလေးဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ဆင်ဟွာသတင်းက ရေးသားလိုက်သည်။

ဖမ်းဆီးလိုက်သူများတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီး အမျိုးသားသုံးဦးပါဝင် ကြောင်း၊ ဒေသခံရဲများက ပေါက်ကွဲပစ္စည်း တစ်ခုကိုစနက်တံဖြုတ်ပစ်ခဲ့ရကြောင်း၊ ထိုဗုံးမှာမော်တော်ကားကို ပစ်ခဲ့သည့်ဗုံးဖြစ်သည်ဟုဆိုသည်။ ခရစ္စချခ်ျရှိ ဗလီနှစ်ခုစလုံးအား အနည်းဆုံးသေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံသတင်းများက ဖော်ပြခဲ့သည်။


မျက်မြင်များက သွေးများစွာနှင့် သေဆုံးသူများစွာကိုတွေ့ရှိခဲ့ရကြောင်း ပြော ကြားခဲ့ကြသည်။ အခင်းဖြစ်ပွားရာမှ အနည်း ဆုံး သေနတ်သံအချက် ၅ဝ ကျော်ကြားခဲ့ ရကြောင်း မျက်မြင်တစ်ဦးကဆိုသည်။ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၄၉ ဦးသေဆုံးခဲ့ရသည်။ တချို့က သေနတ် ပစ်ခတ်မှုမှာ ခြောက်နေရာ၌ ဖြစ်ပွားခဲ့သည် ဟု ပြောကြားခဲ့ကြသည်။

ဝန်ကြီးချုပ် ဂျာစင်ဒါအာဒနက လူထုအား ညနေ ၄ နာရီ၌ မိန့်ခွန်းပြောကြားခဲ့ရာ ဤနေ့မှာ နယူးဇီလန်၏ အမှောင်မိုက်ဆုံးနေ့များမှ တစ်ခုဖြစ်ကြောင်း မိမိသည် ခရစ္စချခ်ျနှင့်အတူရှိနေ ကြောင်း သူမက ပြောကြားလိုက်သည်။ ဤသည်မှာ နယူးဇီလန်၏ မမျှော်လင့်သည့် အကြမ်းဖက်မှု ဖြစ် မှုဖြစ်ကြောင်း ယခင်က နယူးဇီလန်ကို ယခုကဲ့သို့ဝင်ရောက် အကြမ်းဖက်မှုများမရှိခဲ့ဟု ဆိုသည်။


သတင်းများအရ စစ်ဝတ်စုံဝတ်ဆင်ထားသော သေနတ်သမားက ခရစ္စချခ်ျရှိ မ(စ်)ဂျစ်အယ်နူးဗလီအား မွန်းလွဲဗလီတက် နေချိန် လူအပြည့်ရှိနေစဉ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သေနတ်ပစ်ခတ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်ခရစ်ကတာ အားကစားအဖွဲ့က ဗလီထဲသို့ဝင်ရန် ပြင်နေစဉ်ဖြစ်ပြီး ၎င်းတို့ မှာ ထွက်ပြေး၍လွတ်မြောက်သွားခဲ့ကြသည်ဟု ဆိုသည်။


အခြားဗလီတစ်ခုမှာခရစ္စချခ်ျ ဆင်ခြေဖုံးအရပ်၌ရှိပြီး သေနတ်ပစ်ခံခဲ့ရကြောင်း ရဲများက လူများကိုအပြင်မထွက်ကြရန် ပြောခဲ့ကြောင်း၊ တစ်နိုင်ငံလုံးရှိ ဗလီအားလုံးကို တံခါးပိတ်ထား ခဲ့ရသည်ဟုသိရသည်။ ကျောင်းများနှင့် လမ်းများတွင် ရဲများချထားခဲ့သည်။ ခရစ္စချခ်ျလေဆိပ်မှာ ပုံမှန်လှုပ်ရှားနေသည်ဟု ဆိုသည်။


တရုတ်ကောင်စစ်ဝန်ရုံးက တက်ကြွလှုပ်ရှားသေနတ်သမားက ပစ်ခတ်ခဲ့ကြောင်း တရုတ်လူမျိုးသေဆုံးဒဏ်ရာရမှု သတင်းမကြားရဟု ဆင်ဟွာသတင်းကိုပြောခဲ့သည်။ ကောင်စစ် ဝန်နှင့် နယူးဇီလန်ရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံသားများပါ၊ မပါ စိစစ် နေသည်ဟုဆိုသည်။ 

Ref : Xinhua

#democracytoday

Rate this item
(0 votes)
back to top