HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးပွဲများ ကျင်းပ၊ မဲရုံများတွင် တက်ကြွစွာ မဲပေးခဲ့ကြ

ထိုင်းတွင် အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးပွဲများ ကျင်းပ၊ မဲရုံများတွင် တက်ကြွစွာ မဲပေးခဲ့ကြ

ဘန်ကောက်၊ မတ် ၁၈


ထိုင်းနိုင်ငံတစ်ဝန်းတွင် အ ထွေထွေရွေးကောက်ပွဲ ကြိုတင်မဲ ဆန္ဒပေးပွဲများကို မတ် ၁၇ ရက်က ပြုလုပ်ခဲ့ရာတွင် မဲဆန္ဒရှင် ၇၅ ရာ ခိုင်နှုန်းတို့သည် စောစီးစွာ မဲရုံများသို့ ရောက်ရှိကာ တက်ြ<ွကစွာဆန္ဒမဲ ပေးခဲ့ကြသည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယအတွင်းရေးမှူးချုပ် နတ်လာအိုစီဝါကူးက မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းနေ့ မဲရုံဖွင့်ချိန် နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်း မဲဆန္ဒရှင် ၂ ဒသမ ၆ သန်းတို့က လာရောက်မဲပေးခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့၌ ဆန္ဒမဲပေးသူ ၉၂၈၇၈၉ ဦးတို့သည် မဲရုံ ၇၇ ရုံ၌ လာရောက်မဲပေးကြသည်ဟုသိရှိရသည်။ ဘန်ကောက်ဘန်ကာ ပီခရိုင်၌ ၆၁၄ဝ၁ ဦး၊ ကန်းခွန် သီယန်ခရိုင်၌ ၄၂၅ဝ၈ ဦး၊ ဟွေး ခွန်းခရိုင်၌ ၄ဝ၈၁၆ ဦး၊ လတ်ကရာဘန်းခရိုင်၌ ၃၉၄၄၈ ဦး၊ ဘန်ခမ်းခရိုင်၌ ၃၅၁ဝ၈ ဦး၊ ရတ် ဂျာသွေးခရိုင်၌ ၃၃၉၅၇ ဦးနှင့် ဝပ်တားနားခရိုင်၌ ၃၁၆၄၆ ဦးတို့ မဲပေးခဲ့ကြသည်ဟု စာရင်းဇယား များအရ သိရှိရသည်။

ဘန်နာဆန်းခရိုင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သက်ဆိုင်ရာမဲရုံများတွင်မဲသွားရောက်ပေးပြီးပြီးချင်း ဆေးရုံများသို့ မီးဖွားရန် အပြေးအလွှားသွားရောက်ကြသည်ကို တွေ့ရှိရသည်။ ရွေးကောက်ပွဲ တာဝန်ခံများကလည်း မဲပေးရန် မသင့်လျော်သော မလုံခြုံသောမဲရုံများအား ချက်ချင်းပင်ဖယ်ရှားကာ အစားထိုးဆောင်ရွက်ပေးခဲ့သည်။ မဲပေးရာနေရာများသို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ကြသည်။ ''လမ်းမှာ ကားကျပ်တာမို့ ၆ နာရီကတည်းက အိပ်ရာကထပြီး နိုင်ငံသားတာဝန်ကျေပွန်အောင်သွားရောက်မဲပေးခဲ့ပါတယ်''ဟု အသက် (၂၃)နှစ်အရွယ် ဆွမ်ကာမိုနာရာပရာဆစ်က ထုတ်ဖော်ပြောဆို လိုက်သည်။ 

Ref : The Bangkok Post

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top