HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အင်ဒိုနီးရှား လွမ်ဘုတ်ကျွန်းတွင် ငလျင်လှုပ်၊ ခရီးသွားသုံးဦး သေဆုံး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ  

အင်ဒိုနီးရှား လွမ်ဘုတ်ကျွန်းတွင် ငလျင်လှုပ်၊ ခရီးသွားသုံးဦး သေဆုံး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ   

ဂျကာတာ၊ မတ် ၁၈ 

အင်ဒိုနီးရှားနိုင်ငံခရီးသွားများ လာရောက်ရာလွမ်ဘုတ်ကျွန်း၌ ငလျင်လှုပ်ခဲ့ရာ မြေပြိုကျမှုများ ကြောင့် နိုင်ငံခြားသားနှစ်ဦးအပါအဝင် ခရီးသွားသုံးဦး သေဆုံးခဲ့ ကြောင်း ဒဏ်ရာရသူဒါဇင်ပေါင်းများစွာရှိခဲ့ကြောင်း ယင်းနေရာမှာ အင်ဒိုနီးရှားအနောက် နူဆာတန် ဂါရာပြည်နယ်၌ဖြစ်ကြောင်း ဘေး ဒုက္ခဆိုင်ရာအရာရှိများက မတ် ၁၈ ရက်တွင်ပြောကြားလိုက်သည်။

သဘာဝဘေးအန္တရာယ်ကျ ရောက်မှုမှာ အဆိုပါပြည်နယ်၏ လွမ်ဘုတ်ဥတ္တရာခရိုင် ဆီနာရူကျေးရွာခရီးသွားများ လာရောက်သည့် တူကီလက် ရေတံခွန်၌ဖြစ် ကြောင်း ဤဒေသ၌ ငလျင်တုန်လှုပ်ခဲ့ပြီး နောက်ရေများတက်လာခဲ့ကြောင်း ဒေသဆိုင်ရာ ဘေးဒုက္ခကာကွယ် ရေးဆိုင်ရာ အထက်တန်းအရာရှိ တစ်ဦးဖြစ်သူအက်ဂတ်နူဂရိုဟို ရာဟာချိုကပြောကြားလိုက်သည်။ သေဆုံးသည့်နိုင်ငံခြားသားခရီးသွားနှစ်ဦးမှာ မလေးရှားလူ မျိုးနှစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူအ ခြားမလေးခရီးသွား ၃၈ ဦးတို့လည်း ပါဝင်သည်ဟုသိရသည်။ အခြား သေဆုံးသူတစ်ဦးမှ အင်ဒိုနီးရှား လူမျိုးဖြစ်ကြောင်း နူဂရိုဟိုကပြောခဲ့သည်။


မြေပြိုကျ၍ ခရီးသွားများ ပိတ်မိနေခဲ့ရာ ယင်းတို့မှာ မလေးရှားလူမျိုးများဖြစ်ကြပြီး၊ နောက်ပိုင်းကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ ခရီးသွား ၂ဝ မှာပြင်းထန် သော ဒဏ်ရာများရရှိခဲ့ကြပြီးကျန် ခရီးသွား ဒါဇင်များစွာမှာ သာမန်ဒဏ်ရာဖြစ်၍ ဆေးရုံ၌ပြသပြီးကုသပေးခဲ့သည်ဟု နူဂရိုဟိုကပြောခဲ့သည်။ ဆိုးရွားသော ဒဏ်ရာရှိသူ များမှာ အရိုးကျိုးခြင်းများဖြစ်၍ ဆေးရုံသို့ချက်ချင်းတင်ပို့ခဲ့ရသည် ဟု ၎င်းကဆိုသည်။


လွန်ခဲ့သောနှစ်ကလည်း ငလျင်တုန်လှုပ်ခဲ့၍ လွမ်ဘုတ်ကျွန်းတစ် ခုလုံး ပြန်လည်ပြုပြင်ထိန်းသိမ်း မှုများ လုပ်ဆောင်ထားခဲ့ရသည်ဟုဆိုသည်။ ငလျင်မှာ လွမ်ဘုတ်အရှေ့ မြောက် ၂၄ ကီလိုမီတာအကွာအနက် ၁ဝ ကီလိုမီတာတွင်တုန် လှုပ်ခဲ့ကြောင်း မိုးလေဝသနှင့်ဘူမိ ဗေဒအေဂျင်စီကပြောကြားခဲ့သည်။

Ref:,Xinhua

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top