HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားသိမ်းပိုက်ခြင်း ငါးနှစ်ပြည့် အခမ်းအနား ကျင်းပ  

ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားသိမ်းပိုက်ခြင်း ငါးနှစ်ပြည့် အခမ်းအနား ကျင်းပ   

မော်စကို၊ မတ် ၁၈ 

ရုရှားနိုင်ငံသည် ယူကရိန်းရှိ ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို တိုးချဲ့သိမ်းပိုက်ထားခြင်း ငါးနှစ် ပြည့်အခမ်းအနားကိုမတ်၁၈ ရက်ကကျင်းပခဲ့ပြီး ယင်းသို့ကျူးကျော် သိမ်းပိုက်ခြင်းအား အနောက်နိုင်ငံများကပြစ် တင်ရှုတ်ချခဲ့ကြသည်။ ပင်လယ်နက်ကျွန်းဆွယ်ရှိ ယင်းဒေသတွင် ရုရှားနိုင်ငံကလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ပေးခဲ့ပြီး အခမ်းအနား သို့ရုရှားသမ္မတဗလာဒီမာ ပူတင်တက်ရောက် ချီးမြှင့်ခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

ရုရှားနိုင်ငံသည်ခရိုင်းမီး ယားကျွန်းဆွယ်ဒေသကို ၂ဝ၁၄ ခုနှစ်ကသိမ်းပိုက်ခဲ့သည်။ ယူကရိန်းနိုင်ငံနှင့် အနောက်နိုင်ငံများက ယင်းအား ပြစ်တင်ရှုတ်ချခဲ့ပြီး ရုရှား အပေါ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း မထိရောက်ခဲ့ ချေ။ ရုရှားနိုင်ငံကမူမတ် ၁၈ ရက်သည်ရုရှားနှင့် ခရိုင်းမီးယား ဒေသတို့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့သောနေ့အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ခရိုင်းမီးယားကျွန်း ဆွယ်သိမ်းပိုက်နိုင်ခဲ့ခြင်း နှစ်ပတ်လည်နေ့တွင် မော်စကိုလမ်းများ ပေါ်၌''ခရိုင်းမီးယားနွေဦးပွဲတော်'' အထိမ်းအမှတ်များကျင်းပပေးခဲ့ ကြသည်။ လူ ၁ဝဝဝဝခန့်ပါဝင် ဆင်နွှဲခဲ့ကြသည်။ ခရိုင်းမီးယားကျွန်းဆွယ်၏ ပင်လယ်ကမ်းခြေ မြို့ယော်လ်တာတွင် ရုရှားအလံများလွှင့်ထူထားခဲ့သည်။ ''ရုရှားနိုင်ငံဟာ ခရိုင်းမီးယားဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ပေးပါတယ်''ဟူ၍ ရုရှားနိုင်ငံခြားရေး ဝန်ကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ထုတ်ဖော် ပြောဆိုခဲ့သည်။


''ဒီငါးနှစ်လုံးလုံးမှာ ယူကရိန်းနဲ့ နိုင်ငံတကာဥပဒေများကို ချိုး ဖောက်ပြီးအကြမ်းဖက်များဟာ ပုံစံအမျိုးမျိုးနဲ့ ပေါ်လာခဲ့ရတယ်''ဟုယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ပက်ဗလိုကလင်ကင်က AFP သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။ ခရိုင်းမီးယားဒေသတွင် မူစလင်ဘာသာဝင် တာတာလူမျိုး များနေထိုင်ကြသည်။ ၎င်းတို့ကလည်း ရုရှားကျူးကျော်သိမ်းပိုက်မှုကိုဆန့်ကျင်ကြသည်။ ယင်းအား Mrjlis ဦးဆောင်ကာ ရုရှားတို့ အားအတိအလင်းဆန့်ကျင်တိုက် ခိုက်ခဲ့ကြသည်။ 

Ref:,AFP

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top