HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အီးယူနိုင်ငံများတွင် ဆယ်စုနှစ်ဝက်အတွင်း ကင်ဆာရောဂါဖြင့် သေဆုံးသူ ထက်ဝက်ကျဆင်းသွားဟု လေ့လာရေးကဆို

အီးယူနိုင်ငံများတွင် ဆယ်စုနှစ်ဝက်အတွင်း ကင်ဆာရောဂါဖြင့် သေဆုံးသူ ထက်ဝက်ကျဆင်းသွားဟု လေ့လာရေးကဆို

ပဲရစ်၊ မတ် ၁၉ - အီးယူအဖွဲ့အတွင်း ကင်ဆာ ရောဂါဖြင့်သေဆုံးမှုမှာ ငါးနှစ်အ တွင်း ထက်ဝက်ကျဆင်းသွားခဲ့ ကြောင်း၊ သုတေသီများက မတ် ၁၉ ရက်တွင် ပြောကြားလိုက်ကြောင်း AFP သတင်းကဖော်ပြခဲ့သည်။

အမျိုးသားများတွင် ကင်ဆာ ရောဂါဖြင့် သေဆုံးရမှု ၂ဝ၁၄ ခုနှစ် က လူ ၁ဝဝဝဝဝ တွင် ၁၃၉ ဦးရှိခဲ့သော်လည်း ယခုနှစ်တွင် သေဆုံးသူ ၁၃၁ ဦးသာရှိခဲ့ရာ ခြောက်ရာခိုင်နှုန်းလျော့ကျသွား ခဲ့ကြောင်း အွန်ကိုလော်ဂျီဆေး ပညာဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း AFP သတင်းကဆိုသည်။

အမျိုးသမီးများတွင်မူ ၃ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျလာ ကြောင်း၊ အမျိုးသမီးဦးရေ ၁ဝဝဝဝ တွင် ကင်ဆာဖြင့်သေဆုံးသူ ၈၆ ဦးမှ ၈၃ ဦးသို့ လျော့ကျခဲ့ကြောင်း လေ့လာရေးက ဖော်ပြခဲ့သည်။

သို့ရာတွင် ၂ဝ၁၉ ခုနှစ်တွင် ကင်ဆာဖြင့် သေဆုံးရသူ ၁ ဒသ မ ၄ သန်းအထိရှိလာလိမ့်မည်ဟု ခန့်မှန်းရကြောင်း၊ ၂ဝ၁၄ ခုနှစ်က ၁ ဒသမ ၃၅ သန်းသေဆုံးခဲ့ရာမှ ၅ ရာခိုင်နှုန်းတိုးပွားလာခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုသေဆုံးမှုများ တွင် အမျိုးသားဦးရေ ၇၈၇ဝဝဝ ရှိပြီး အမျိုးသမီးဦးရေ ၆၂၁၉ဝဝ ဦးရှိကြောင်း လေ့လာရေးက ဖော် ပြခဲ့သည်။

လေ့လာရေးက ဖော်ပြရာ တွင် ယခုနှစ်အမျိုးသမီးများ၏ အဆုတ်ကင်ဆာမှာ ရင်သားကင် ဆာထက် သေဆုံးသူပို၍များမည် ဖြစ်ကြောင်း၊ အဆုတ်ကင်ဆာဖြင့် သေဆုံးသူ ၉၆၈ဝဝ ရှိပြီး ရင်သား ကင်ဆာဖြင့် သေဆုံးရသူ ၈၂၈ဝဝ ရှိကြောင်း ဖော်ပြခဲ့သည်။

အဆုတ်ကင်ဆာမှာ သေဆုံး မှုအများဆုံးရောဂါဖြစ်ကြောင်း၊ ယခုနှစ်တွင် စုစုပေါင်း သေဆုံးသူ ၂၇၉ဝဝဝ ရှိမည်ဟု ခန့်မှန်းရ သည်ဟုဆိုသည်။

လေ့လာရေးက ဖော်ပြသည် မှာ ရင်သားကင်ဆာဖြင့် သေဆုံး မှုသိသိသာသာကျဆင်းသွားခဲ့ ကြောင်း၊ အီးယူနိုင်ငံများ၌ ဗြိတိန် မှာ ထိပ်ဆုံးမှ နေရာရထားကာ ရင်သားကင်ဆာဖြင့် သေဆုံးသူ ၁၃ ရာခိုင်နှုန်းလျော့ကျသွားခဲ့ရ သည်ဟုဆိုသည်။ ထိုနောက်မှ ပြင်သစ် ၁ဝ ရာခိုင်နှုန်း၊ ဂျာမန် ကိုးရာခိုင်နှုန်း၊ အီတလီက ခုနစ် ရာခိုင်နှုန်းနှင့် စပိန်က ငါးရာခိုင် နှုန်းအသီးသီးလျော့ကျခဲ့ကြသည် ဟု လေ့လာရေးကဖော်ပြခဲ့သည်။

ဤလေ့လာရေးကို မီလန် တက္ကသိုလ်နှင့်ဆွစ်ဇာလန်လော ဆိန်းတက္ကသိုလ်မှ ပညာရှင်များ က လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ကင်ဆာရောဂါဖြင့် သေဆုံး သူလျော့ပါးမှုမှာ ကောင်းသတင်း ဖြစ်သော်လည်း အသက်အရွယ် ကြီးရင့်သူများကင်ဆာရောဂါဖြင့် သေဆုံးရမှုများလာခြင်းမှာ သတင်း ဆိုးဖြစ်သည်ဟု လေ့လာရေးအ ဖွဲ့ကဆိုသည်။

ကင်ဆာရောဂါလျော့ကျမှုကို ပထမဆုံးလုပ်မည်ဖြစ်ရာ ဆေးလိပ် သောက်ခြင်းနှင့်အဝလွန်ရောဂါ ကို လျှော့ချသွားရမည်ဖြစ်ကြောင်း ပညာရှင်များက ဖော်ပြခဲ့သည်။

Ref: AFP/CNA

Rate this item
(0 votes)
YMG

back to top