HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို ပစ်သတ်ခဲ့သူက ၎င်း၏လက်ဖဝါးတွင် သမ္မတဒေါ်နယ်ထရန့်၏  စကားများကို ရေးထိုးကာ တရားရုံး၌ အစစ်ခံ 

ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို ပစ်သတ်ခဲ့သူက ၎င်း၏လက်ဖဝါးတွင် သမ္မတဒေါ်နယ်ထရန့်၏  စကားများကို ရေးထိုးကာ တရားရုံး၌ အစစ်ခံ 

တွမ်ရေးဗား(နယူးဂျာစီ)၊ မတ် ၁၉ - အမေရိကန်နိုင်ငံတွင် မူးယစ်ဆေးဝါး ဂိုဏ်ခေါင်းဆောင် အား သေနတ်ဖြင့်ပစ်သတ်ခဲ့မှုဖြင့် ဖမ်းဆီးထားသော တရားခံ အန်တိုနီကမ်မလိုအား မတ် ၁၈ရက်က ရုံးထုတ်စစ်ဆေးရာတွင် တရားခွင်၌ ¤င်း၏ ဘယ်လက်ဖဝါးတွင် သမ္မတဒေါ်နယ်ထရန့် လိုလားသောစာတန်းများ ရေးသားကာ အစစ်ဆေးခံခဲ့သည်ဟု မတ် ၁၉ ရက် သတင်းများအရ သိရသည်။

အသက် (၂၄)နှစ်ရှိ အန်တိုနီကမ်မလိုသည် မူးယစ်ဂိုဏ်း ခေါင်းဆောင် ဖရန်စစ္စကိုကာလီအား လွန်ခဲ့သော ရက်သတ္တပတ် တွင်းက နယူးဂျာစီပြည်နယ် Staten Island နေအိမ်ရှေ့တွင် ပစ်သတ်ခဲ့၍ ¤င်းအား မတ် ၁၆ ရက်က ရဲအဖွဲ့ကဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ နယူးဂျာစီပြည်နယ်မှ နယူးယောက်ရဲအဖွဲ့သို့ တရားခံလွှဲ ပြောင်းပေးအပ်မည် ဖြစ်သည်။ ¤င်းသည် သမ္မတထရန့်၏ ရွေး ကောက်ပွဲမဲဆွယ်စကား ဖြစ်သော ''ကြီးမြတ်သော အမေရိကန်'' ဟူသော စကားကို လက်ဖဝါးတွင် ရေးသားထား ခြင်းဖြစ်သည်။

တရားခံ၏ရှေ့နေဖြစ်သူ ဘရိုင်ယန်နီယာရီက ကမ်မာလို ၏ လက်ဖဝါးပေါ်မှြေ<ွကးကြော်သံစာများအကြာင်း မေးမြန်းရာ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိချေ။ ကမ်မလိုက တရားခွင်တွင်သတင်းထောက်များကို မိမိလက်ဖဝါးအား ဖြန့်ပြ ကာ ဓာတ်ပုံများ အရိုက်ခံခဲ့သည်။ တရားသူကြီးက စစ်ဆေးမေးမြန်း ရာတွင်လည်း ကမ်မာလိုက ''ဟုတ်ကဲ့'' တစ်ခွန်း ''အင်း'' တစ် ခွန်းမှအပ အခြားဘာစကားမျှ တုံ့ပြန်မဖြေဆိုခဲ့ပေ။ 

Ref: AP

Rate this item
(0 votes)
YMG

back to top