HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗလီနှစ်ခု အကြမ်းဖက်ပစ်ခတ်မှုတွင် မိမိ၏လုပ်ပိုင်ခွင့် အစွမ်းကုန်အသုံးပြုကာဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် ပြော

ဗလီနှစ်ခု အကြမ်းဖက်ပစ်ခတ်မှုတွင် မိမိ၏လုပ်ပိုင်ခွင့် အစွမ်းကုန်အသုံးပြုကာဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် ပြော

ခရစ္စချခ်ျ(နယူးဇီလန်)၊ မတ် ၁၉ - နယူးဇီလန်နိုင်ငံ ဗလီနှစ်ခု သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ဝ သေဆုံးခဲ့ပြီး၊ ဝန်ကြီးချုပ်ဂျေစင် ဒါအာဒင်က ယင်းအကြမ်းဖက် လုပ်ရပ်များ မိမိ၏လုပ်ပိုင်ခွင့်များ အားအစွမ်းကုန်အသုံးပြု၍ ဆောင် ရွက်နိုင်သည်များကို ဆောင်ရွက် သွားမည်ဟု မတ် ၁၈ ရက်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း မတ် ၁၉ ရက်သတင်းများအရသိ ရှိရသည်။

''လူတိုင်းရင်ထဲမှာ စွဲ လမ်းနေတဲ့ ဒီအကြမ်းဖက်မှုကြီးကို ဘက်စုံထောင့်စုံကနေ ကိုင်တွယ် ဖြေရှင်းသွားမှာပါ''ဟူ၍ သူမက ထုတ်ဖော် ပြောဆိုလိုက်သည်။ ''တရားခွင်ရောက်လာတဲ့ တရားခံ တွေကို နယူးဇီလန်တရားရုံးတွေ ကလည်း ဥပဒေနဲ့အညီ စီရင်ဆုံး ဖြတ်မှာပါ''ဟူ၍လည်း ဆက်လက် ပြောကြားခဲ့သည်။

ယခု ပစ်ခတ်မှုကြီးကို ကမ္ဘာတစ်ဝန်း Facebook များမှလည်း ဖော်ပြနေကြကြောင်း၊ နိုင်ငံတွင်း ဖြစ်ခေါင့်ဖြစ်ခဲ သေနတ်ပစ်ခတ် မှုဖြစ်ပွားခဲ့သောကြောင့် နယူးဇီလန်၏ တရားဥပဒေရေးရာအား စိန်ခေါ်ခဲ့သော ယင်းဖြစ်ရပ်အား မိမိ၏လုပ်ပိုင်ခွင့်များ အသုံးချ၍ ဆောင်ရွက်ဖြေရှင်းသွားမည်''ဟူ ၍လည်း ထုတ်ဖော်ပြောကြားခဲ့ သည်။

တရားခံရှေ့နေ ရစ်ချတ်ပီတာ က ယခုအမှုအား နယူးဇီလန် တရားရုံးချုပ်က ဧပြီ ၅ရက်တွင် စစ်ဆေးရန် ချိန်းဆိုလိုက်ပြီးဖြစ်သည်ဟု The New Zealand Herald သတင်းစာတိုက်သို့ ထုတ် ဖော်ပြောဆိုလိုက်သည်။ တရားခံ ဖြစ်သူအား တရားစွဲတင်ပို့လိုက် ပြီးဖြစ်၍ တရားရုံးသည် တရားခံ တွင် အပြစ်ရှိ၊ မရှိကိုသာ နယူးဇီလန်တရားဥပဒေအရ စီရင်ဆုံး ဖြတ်ပေးရမည်ဖြစ်သည်ဟု ပီကာ ထုတ်ဖော်ပြောဆိုလိုက်သည်။

နယူးဇီလန်နိုင်ငံ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကိုလည်း ပြန် လည်စိစစ်ရမည်ဖြစ်သည်ဟု ဝန်ကြီးချုပ်အာဒင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ အကြမ်းဖက်မှုဖြစ်နိုင်သော လူမှုအဖွဲ့အစည်းများကိုလည်း ကြပ်မတ်စစ်ဆေးသွားရန် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ ကို ညွှန်ကြားထားပြီးဖြစ်သည်ဟုလည်း ဝန်ကြီးချုပ်ကထုတ်ဖော် ပြောဆိုခဲ့သည်။ ခရစ္စချခ်ျမြို့သည် ယခုအခါတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု ဝန်ကြီးချုပ်ကပြောလိုက်သည်။

ဒဏ်ရာရရှိသူ ၃ဝ ခရစ္စချခ်ျ မြို့ဆေးရုံတွင် တက်ရောက် ကုသ နေပြီး ကိုးဦးမှာမူ ဒဏ်ရာရရှိမှု အခြေအနေ ပြင်းထန်သည်ဟု ကမ်တာဘူရီခရိုင် ကျန်းမာရေး ဘုတ်အဖွဲ့မှ အမှုဆောင်အရာရှိ ချုပ် ဒေးဗစ်မိတ်က ထုတ်ဖော်ပြော ဆိုလိုက်သည်။ ဒဏ်ရာပြင်းထန် သူ (၄)နှစ်အရွယ်မိန်းကလေးကို အုတ်ကလန် ဆေးရုံသို့လွှဲပြောင်း ကုသပေးခဲ့ရသည်။ ဒဏ်ရာရထား သူ ဖခင်ဖြစ်သူမှာမူ သက်သာလာ ပြီဖြစ်သည်။

Ref; AP

Rate this item
(0 votes)
YMG

back to top