HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အာကာသစစ်စခန်း တည်ဆောက်ရေးကိစ္စ ဆွေးနွေးရန် အမေရိကန်က ငြင်းပယ်ခြင်းအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး စိုးရိမ်  

အာကာသစစ်စခန်း တည်ဆောက်ရေးကိစ္စ  ဆွေးနွေးရန် အမေရိကန်က ငြင်းပယ်ခြင်းအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး စိုးရိမ်   

ဂျီနီဗာ၊ မတ် ၂၁ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဖ်ကတာလတ် ပစ်နျူကလီးယားလက်နက် (INF) အရေးအခင်းနှင့် အမေရိကန်က အာကာသ၌ စစ်စခန်းတည်ဆောက် ရေးကိစ္စဆွေးနွေးရန် ငြင်းဆန်မှုအ ပေါ် ၎င်းအနေဖြင့် စိုးရိမ်မိကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာသတင်းက မတ် ၂၁ ရက်တွင် ရေးသားခဲ့သည်။ ကုလသမဂ္ဂ၏နိုင်ငံပေါင်းစုံ ပါဝင်သည့်လက်နက်ဖျက်သိမ်းရေး (ဂျီနီဗာမြို့)ညီလာခံတွင် လက်ဗ ရော့ဖ်က အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားစမ်းသပ်မှုကို ပြန်လည်ပြုလုပ်လိုပုံရကြောင်း ပြောကြားလိုက်သည်။

အမေရိကန်၏ တမင်ဖျက် သိမ်းလိုက်သည့် INF စာချုပ် ကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင် အမေရိကန်ဒုံးပျံ၏ အကွာ အဝေးနှုန်းကို မကန့်သတ်ခြင်းသည်  ၎င်း၏အကျိုးစီးပွားအတွက် သာဖြစ်ကြောင်းပြောကြားခဲ့သည်။ ယခုအချိန်တွင် နိုင်ငံအများ ပါဝင်သည့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးကို လုပ်ဆောင်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း၊ နိုင်ငံတကာပတ်ဝန်းကျင်မှာလည်း ပျက်စီးယိုယွင်းလျက်ရှိရာ အမေရိကန်သည် လက်နက်ဖျက်သိမ်းရေးကွန် ဖရင့်(CD) တွင် အမေရိကန် ဇီဝဓာတုနှင့် အဆိပ်ဓာတ်ငွေ့လက်နက် များကိုသာ ပိတ်ပင်ရန်ပြောကြား လိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။


၁၉၈၇ ခုနှစ်က ဆိုဗီယက် ယူနီယံနှင့် အမေရိကန်တို့ ချုပ် ဆိုခဲ့သော INF နျူကလီးယား ဟန့်တားရေးစာချုပ်သည် လက်နက် ပြိုင်ဆိုင်ရေးကို ဟန့်တားနိုင်သည့် ပထမဆုံးစာချုပ်ဖြစ်ကြောင်း လက်ဗရော့ဖ်ကဆိုသည်။ နှစ်နိုင်ငံအကြား တင်းမာမှု များမြင့်တက်နေစဉ် နှစ်ဖက်စလုံး က စာချုပ်စည်းကမ်းဖောက်ဖျက် ကြောင်း စွပ်စွဲခဲ့ကြသည်။ INF  စာချုပ်အပေါ် စိုးရိမ်ရသလို ယခုအခါ အာကာသ၌ စစ်စခန်းတည်ဆောက်မှုကိစ္စကိုပါ ဆွေးနွေးရမည့် အချိန်ဖြစ်ကြောင်း၊ ဤကိစ္စမှာ ကျယ်ပြန့်လာပြီး အာကာသ၌ လက်နက်ပြိုင်ဆိုင်မှုများ ဖြစ်လာလိမ့်မည်ဟု လက်ဗရော့ဖ် က ပြောခဲ့သည်။


အမေရိကန်က အာကာသ စစ်စခန်းကိစ္စကို ဆွေးနွေးရန်ငြင်း ဆိုခဲ့သည်။ အာကာသ၌ နျူကလီးယား လက်နက်နှင့်တိုက်ခိုက်ရေး လက်နက်များချထားခြင်းကို ရုရှားက လက်ခံမည်မဟုတ်ဟု လည်း ¤င်းကပြောကြားလိုက်သည်။ အမေရိကန်သည် အာကာသ စစ်စခန်းအတွက် ဘတ်ဂျက်ချ ထားပြီးဖြစ်သည်ဟု လက်ဗရော့ဖ်က ဆိုသည်။ 

Ref; Xinhua

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top