HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တရုတ်အရှေ့ပိုင်း ဓာတုစက်ရုံ ပေါက်ကွဲ၊ ၄၄ ဦးသေဆုံး  

တရုတ်အရှေ့ပိုင်း ဓာတုစက်ရုံ ပေါက်ကွဲ၊ ၄၄ ဦးသေဆုံး   

ယန်ချင်း၊ မတ် ၂၂

တရုတ်နိုင်ငံအရှေ့ပိုင်း၌ ဓာ တုဗေဒစက်ရုံတစ်ရုံတွင် ကြီးမား သော ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား ခဲ့ရာ သေဆုံးသူ ၄၄ ဦးရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက မတ် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ နိုင်ငံပိုင်ပြည်သူ့ နေ့စဉ်သတင်း စာက ဖော်ပြရာတွင် ပေါက်ကွဲ မှုကြောင့် ကြီးကြီးမားမားဒဏ်ရာ ရရှိသူ ၉ဝ ရှိကြောင်း၊ ပေါက်ကွဲမှု ပြင်းထန်လွန်းသဖြင့် အနီးအနားရှိ နေအိမ်များမှ ပြတင်းပေါက်များ အားလုံးပိတ်ပြီးဖြစ်သားခဲ့ရ သည်ဟုဆိုသည်။ ထို့အပြင် ပေါက်ကွဲမှုကြောင့် တုန်လှုပ်မှုမှာ မဂ္ဂနီကျု ၂ ဒသမ ၂ ရှိ ငလျင်တုန်လှုပ်သည်နှင့် တူ ညီကြောင်း သက်ဆိုင်ရာက ပြော ကြားလိုက်သည်။

ပေါက်ကွဲမှုကြောင့် ပေါ်ပေါက် ခဲ့သော မီးလောင်မှုကို မီးသတ်သ မားများက ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ဂျီယန်ဆုပြည်နယ် ယန်ချင်းမြို့ရှိ စီးပွားရေးဇုန်တွင် မီးများလောင် ကျွမ်းခဲ့ကြောင်း၊ CCTV သတင်း ဌာနက ဖော်ပြလိုက်သည်။ မတ် ၂၂ ရက်အစောပိုင်းတွင် လူပေါင်း ၈၈ ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း၊ ထိုအထဲတွင် ပေါက်ကွဲ မှုကြောင့် သေဆုံးသူများ၏အ လောင်း ၂၂ ခုလည်းပါဝင်ကြောင်း CCTV သတင်းက ထပ်မံဖော်ပြ ခဲ့သည်။ ဒဏ်ရာရသူ ဒါဇင်ပေါင်းများ စွာရှိခဲ့ရာ တရုတ်ပြည်၏စက်ရုံများ လုံခြုံရေးမှတ်တမ်းကို စစ်ဆေးရန် လိုအပ်သည်ဟု သတင်းကဖော်ပြ လိုက်သည်။ ဓာတုဗေဒစက်ရုံမှ ကြီးမား သော ပေါက်ကွဲမှုကြောင့် စက်ရုံ ခေါင်မိုးအထိ မီးလောင်ကျွမ်းကာ မီးခိုးများမှာလည်း လေထဲသို့ ထောင်တက်လျက်ရှိသည်ကို CCTV သတင်းက ထုတ်လွှင့်ပြ သခဲ့သည်။


ဓာတ်မြေသြဇာစက်ရုံ၌ မီး လောင်မှုဖြစ်ရာမှ ပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။ တရုတ်တွင် စက်ရုံများပေါက်ကွဲမှုမှာ ယေဘုယျအဖြစ်အပျက်များဖြစ်ကြသည်။ စက်ရုံလုံခြုံရေးကို တင်းကျပ်မှုအားနည်းလျက်ရှိ နေကြောင်း သက်ဆိုင်ရာကပြော ခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလက လည်း PVC ပလတ်စတစ်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂၄ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိ ခဲ့ကြသည်။ ထိုမြို့မှာ ၂ဝ၂၂ ခု နှစ်တွင် ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကျင်းပမည့် နေရာ ဖြစ်ကြောင်း သိရှိရသည်။ ၂ဝ၁၅ ခုနှစ်က မြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ဂျင်းတွင် ဓာတုဗေဒစက်ရုံကြီးတစ်ခု ပေါက်ကွဲ ခဲ့ရာ လူ ၁၆၅ ဦးသေဆုံးခဲ့သည်။

Ref : AFP, CNA

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top