HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂိုလန် ကုန်းမြင့်ဒေသကို အစ္စရေး ပိုင်ဆိုင်ကြောင်း အမေရိကန်က အသိအမှတ်ပြု

ဂိုလန် ကုန်းမြင့်ဒေသကို အစ္စရေး ပိုင်ဆိုင်ကြောင်း အမေရိကန်က အသိအမှတ်ပြု

ဂျေရုဆလင်၊ မတ် ၂၂

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အငြင်းပွားလျက်ရှိနေ သော ဂိုလန်ကုန်းမြင့်ဒေသအား အစ္စရေးတို့က ပိုင်ဆိုင်ကြောင်းကို အမေရိကန်အသိအမှတ်ပြုမည် ဖြစ်ကြောင်း မတ် ၂၂ ရက်က ထုတ် ဖော်ပြောဆိုလိုက်သည်။ ၁၉၈၇ ခုနှစ်က ဆီးရီးယားတို့ထံမှ အစ္စရေးတို့က သိမ်းပိုက်ထားပြီး မဟာဗျူဟာအချက်အချာကျသော ယင်းကုန်းမြင့်ဒေသအား အစ္စရေးတို့ပိုင်ဆိုင်ကြောင်းအတည် ပြုနိုင်ရန် အမေရိကန်အစိုးရက စဉ်းစားနေကြောင်းလည်း ထုတ် ဖော်ပြောဆိုလိုက်သည်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် နောက်ရက်သတ္တပတ်အတွင်း အ မေရိကန်သို့ သွားရောက်လည်ပတ် မည်ဖြစ်သည်။ ဝန်ကြီးချုပ်နေတန် ယာဟုသည် ဂိုလန်ကုန်းမြင့်ဒေသအား အစ္စရေးပိုင်ဖြစ်ကြောင်း အသိ အမှတ်ပြုပေးရန် ကမ္ဘာ့နိုင်ငံများသို့ မေတ္တာရပ်ခံပန်ကြားခဲ့သည်။

''တစ်ချိန်တည်းမှာပင် အီရန်နိုင်ငံဟာ ဆီးရီးယားကို ခြေကုပ်ယူပြီး အစ္စရေးကို တိုက်ခိုက်ဖို့ ကြံ ရွယ်နေတယ်''ဟု နေတန်ယာဟု က ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်နိုင်ငံခြားရေး ဝန် ကြီး မိုက်ပွန်ပီယိုသည် ရက်များ မကြာမီက အစ္စရေးသို့ သွားရောက်လည်ပတ်ခဲ့ပြီး အနောက်ဘက်တံ တိုင်းသို့ သွားရောက်ခဲ့ရာ ယင်းသည် အမေရိကန်အဆင့်မြင့်အ ရာရှိတစ်ဦး ဂျူးလူမျိုးတို့ မြင့်မြတ် သောနေရာဌာနတစ်ခုသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။ အမေရိကန်သမ္မတဒေါ် နယ်ထရန့်သည် ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ် ပြုခဲ့ပြီး တဲလ်အဗစ်ရှိအမေရိကန် သံရုံးအား ဂျေရုဆလင်သို့ ရွှေ့ ပြောင်းခဲ့သည်။ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ပွန်ပီယို၏ အစ္စ ရေးခရီးစဉ်သည် အစ္စရေးတို့ကို ထောက်ခံသော အမေရိကန်ခရီး စဉ်လည်း ဖြစ်သည်။


''ဒါဟာ နေတန်ယာဟုကို ထရန့်အစိုးရ အသိအမှတ်ပြုလိုက် ခြင်း တံဆိပ်တုံး နှိပ်ပေးလိုက်တာ ပဲ''ဟု နယူးယောက်ရှိ အစ္စရေး ကောင်စစ်ဝန်ချုပ်ဟောင်း အလွန်ပင်ကာ့စ်က ပြောဆိုလိုက်သည်။ အမေရိကန်နိုင်ငံသည် ဂိုလန် ကုန်းမြင့်ဒေသအား အစ္စရေးပိုင် ဖြစ်ကြောင်း ပထမဆုံးအသိအမှတ် ပြုသောနိုင်ငံဖြစ်သည်။

Ref; AP

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top