HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဖီလာဒဲလ်ဖီးယားမြို့တွင် ပစ်ခတ်မှုများကြောင့် လူတစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရရှိ

ဖီလာဒဲလ်ဖီးယားမြို့တွင် ပစ်ခတ်မှုများကြောင့် လူတစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရရှိ

ဖီလာဒဲလ်ဖီးယား၊ ဧပြီ ၇

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် အနည်းဆုံးပစ်ခတ်မှု ငါးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် လူတစ်ဦး သေဆုံးခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲ တပ်ဖွဲ့က ပြောကြားခဲ့သည်။ ယင်းအကြမ်းဖက် တိုက်ခိုက်မှုမှာ အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးက ဘရူးဝေးလ် တောင်း ဒေသအနီးတွင် ဧပြီ ၆ ရက် နံနက်ပိုင်း၌ ပစ်ခတ်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ နေ့လယ်ပိုင်းတွင် အသက် (၂၆)နှစ်အရွယ် ဖခင် ဖြစ်သူတစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏အသက် (၁၇)နှစ်အရွယ် ညီဝမ်းကွဲ ဖြစ်သူမှာလည်း နိုက်စ်တောင်းဒေ သတွင် တင်ပါးကို အပစ်ခံခဲ့ရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ အနည်းဆုံး သေနတ်သမား နှစ်ဦးမှာ ယင်း ဖြစ်ရပ်တွင် ပါဝင်ခဲ့ပြီး အခင်းဖြစ် ပွားရာ နေရာတွင် ကျည်ဆန်ခွံ ၃၇ ခု ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။  သီးခြား ပစ်ခတ်မှုတစ်ခုတွင် အသက် (၂၅)နှစ်အရွယ် အမျိုးသား တစ်ဦးမှာ အကြိမ်ပေါင်းများစွာ အ ပစ်ခံခဲ့ရပြီး ဆေးရုံသို့ ပို့ဆောင်လိုက် သော်လည်း စိုးရိမ်ရသည့် အခြေ အနေတွင် ရှိသည်ဟုဆိုသည်။ ယင်း ပစ်ခတ်မှုနှင့်ပတ်သက်၍ လူတစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထား သည်ဟု ဆိုသည်။


စတုတ္ထမြောက် ပစ်ခတ်မှုတွင် အသက် (၂၇)နှစ်အရွယ် လူတစ်ဦး ပစ်ခံခဲ့ရပြီး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့အတွက် စိုးရိမ်ရသော အ ခြေအနေတွင်ရှိသည်ဟုသိရသည်။ ဒေသစံတော်ချိန် ည ၉ နာရီတွင် ဆဌမမြောက် အမျိုးသားမှာ လက်၊ လက်မောင်းနှင့် ခြေထောက်တို့တွင် ၁ဝ ကြိမ်ခန့် ပစ်ခတ်ခံခဲ့ရပြီး ဆေး ရုံသို့ ပို့ဆောင်လိုက်သော်လည်း တည်ငြိမ်သော အနေအထားတွင် ရှိသည်။ ယခုနှစ်အတွင်း ဖီလာဒဲလ်ဖီး ယားမြို့တွင် ပစ်ခတ်မှုများကြောင့် လူ ၈ဝ ကျော် သေဆုံးခဲ့ရပြီး ယခင် နှစ် အလားတူကာလကထက် ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

Ref: Xinhua

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top