HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မြောက် မက်ဆီဒိုးနီးယားနိုင်ငံ၏ တောင်ဘက်ပိုင်းရှိ ဂရိ နယ်စပ်အား မျက်ခြည်မပြတ် စစ်ဆေးနေဟုပြောဆို

မြောက် မက်ဆီဒိုးနီးယားနိုင်ငံ၏ တောင်ဘက်ပိုင်းရှိ ဂရိ နယ်စပ်အား မျက်ခြည်မပြတ် စစ်ဆေးနေဟုပြောဆို

စကော့ဂျီ၊ ဧပြီ ၇

မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် တောင်ဘက်ပိုင်းရှိ ဂရိနိုင်ငံ၏ နယ်စပ်ဒေသ၌ ကျူးကျော်နေ ခြင်းအား ကန့်ကွက်လိုက်ပြီး မည်သည့် အခြေအနေကိုမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ရာမီလာရှိတ်ကာရင်စကာက ဧပြီ ၆ ရက်က ထုတ်ဖော်ပြော ဆိုလိုက်သည်ဟု ဧပြီ ၇ ရက် သတင်းများအရ သိရသည်။

ဂရိနှင့် မြောက်မက်ဆီဒိုနီးယား နယ်စပ်အနီးတွင် ရွှေ့ပြောင်းခိုလှုံသူ ရာပေါင်းများစွာတို့ စောင့်ဆိုင်းနေကြသည်ဟုလည်း ၎င်းကဆက်လက် ပြောကြားလိုက်သည်။  ဂရိနိုင်ငံ ဒိုင်ယာဗာတာကျေးရွာ အပြင်ဘက်နှင့် မြောက်မက်ဆီ ဒိုးနီးယားနယ်စပ် အီဒိုမယ်နီစခန်း မှ ကီလိုမီတာ ၆ဝ ခန့် ကွာဝေး သောနေရာတွင် ရွှေ့ပြောင်းခိုလှုံသူ ၅ဝဝ ဦးတို့ ရှိနေကြသည်ဟုလည်း ထုတ်ဖော် ပြောဆိုလိုက်သည်။ အလားတူပင် ပြည်ထဲရေးဝန် ကြီးဌာနကလည်း တောင်ဘက် နယ်စပ်အရေး မျက်ခြည်မပြတ် ကြည့်ရှု စစ်ဆေးနေသည်ဟုလည်း ထုတ်ဖော် ပြောဆိုလိုက်သည်။


မြောက်မက်ဆီဒိုးနီးယားနှင့် ဂရိအာဏာပိုင်များသည် နှစ်ဖက် ရရှိသော နေ့စဉ်သတင်းများအား ဖလှယ်ပူးပေါင်းကာ နယ်စပ်အရေး ပူးပေါင်း ဆောင်ရွက်နေသည်ဟုလည်း ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော် ပြောဆိုလိုက်သည်။ ၂ဝ၁၈ ခုနှစ်အတွင်းက မြောက်မက်ဆီဒိုးနီးယား ရဲအဖွဲ့သည် ရွှေ့ပြောင်းခိုလှုံသူ ၁၆၉ဝဝ တို့အား နိုင်ငံတွင်း မဝင်ရောက်နိုင် စေရန် တားဆီးနိုင်ခဲ့သည်။

Ref: Xinhua

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top