HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဆူဒန်နိုင်ငံ ဆန္ဒပြပွဲ၌ ရဲအဖွဲ့နှင့် အဓိကရုဏ်းဖြစ်ပွား တစ်ဦးသေ၊ အများအပြား ဒဏ်ရာရရှိ

ဆူဒန်နိုင်ငံ ဆန္ဒပြပွဲ၌ ရဲအဖွဲ့နှင့် အဓိကရုဏ်းဖြစ်ပွား  တစ်ဦးသေ၊ အများအပြား ဒဏ်ရာရရှိ

ခါတွမ်၊ ဧပြီ ၇

လူပေါင်းထောင်နှင့်ချီသော ဆူဒန် ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များသည် သမ္မတအိုမာအယ် ဘာရှာ၏ အိမ်တော်အနီးတွင် ဧပြီ ၆ရက်က အဓိကရုဏ်းဖြစ်ပွား ခဲ့ပြီး ဆန္ဒပြသူ တစ်ဦးသေဆုံးကာ အစိုးရလုံခြုံရေးတပ်ဖွဲ့မှ အရာရှိ များအပါအဝင် လူအတော်များများ ဒဏ်ရာများရရှိခဲ့ကြသည်ဟုအစိုး ရသတင်းဌာန SUNA က ဆူဒန် ရဲအဖွဲ့သတင်းများအား ကိုးကား လျက် ဧပြီ ၇ရက်က ထုတ်ဖော်ရေး သားလိုက်သည်။ ယခုဆန္ဒပြပွဲ သည် နိုင်ငံတွင်း နှစ်ပေါင်း ၃ဝအ တွင်း ကြီးမားသော ဆန္ဒပြပွဲကြီး တစ်ရပ်ဖြစ်လေသည်။

ခါတွမ်နှင့် အွန်ဒါမန်မြို့ကြီး နှစ်မြို့အကြား ဖြတ်သန်းစီးဆင်းနေ သော နိုင်းမြစ်ကို ဖြတ်လျက် ဧပြီ ၆ရက်က ဆန္ဒပြကြရာ တားမြစ်သူ ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြရာတွင် ပါဝင်သူ ဆရာဝန်တစ်ဦး ဒဏ်ရာများရရှိ ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြုလူစု ခွဲခဲ့သည်။ ဆန္ဒပြသူများက ရဲတပ် ဖွဲ့ဝင်များအား မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သည်။  သမ္မတဘာရှာ ရာထူးမှဆင်း ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ဆူဒန်အလံများဝှေ့ယမ်းကာ နိုင်ငံတွင်း တရားမျှတစွာ အုပ်စိုး ရန် ကြွေးကြော်သံများဖြင့် အော် ဟစ်ဆန္ဒပြခဲ့ကြသည်။ သမ္မတရဲ့ ရုံးဝင်ပေါက်အား ပိတ်ဆို့တားဆီး ခဲ့ကြသည်။


ညနေပိုင်းတွင် အစိုးရလုံခြုံ ရေး တပ်ဖွဲ့များ ပြန်ရုပ်သိမ်းသွားပြီး ဆန္ဒပြသူများသာ လမ်းမများ ပေါ်တွင် ကျန်ရစ်ခဲ့ကြသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဟာဆန်အစ္စ မေးလ်က ဆန္ဒပြသူများကို အပြစ်တင်ပြောဆိုကာ လုံခြုံရေးတပ်ဖွဲ့များ၏ လူအုပ်ထိန်းသိမ်းမှုအား ချီးကျူးပြောဆိုလိုက်သည်။ ဆန္ဒပြသူများနှင့် အစိုးရကိုယ်စားလှယ်များ ဆွေးနွေးမည်ဟုလည်း ပြောဆိုခဲ့သည်။


သမ္မတဘာရှာက ရာထူးမှ ဆင်းပေးရန်ငြင်းဆိုခဲ့ပြီး ပြည်သူများက ရွေးကောက်ပွဲဖြင့်ဆုံးဖြတ် စေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဆူဒန်ဆန္ဒပြပွဲများကို ဒီဇင်ဘာ ၁၉ရက်နေ့ကပင် စတင်ခဲ့ကြသည်။ နိုင်ငံတွင်း အထွေထွေကုန် ဈေးနှုန်းကြီးမြင့်ခြင်း၊ နိုင်ငံသုံး ငွေကြေးတန်ဖိုးကျဆင်းခြင်းများ ကြောင့် ဆန္ဒပြလာကြခြင်း ဖြစ်သည်။

Reuters

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top