HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာရေပိုင်နက် အနီး စိန့်မာတင်ကျွန်းတွင် နယ်ခြားစောင့်တပ်ဖွဲ့များ ချထား

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာရေပိုင်နက် အနီး စိန့်မာတင်ကျွန်းတွင် နယ်ခြားစောင့်တပ်ဖွဲ့များ ချထား

ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်ဘက်ပိုင်းရှိ မြန်မာနိုင်ငံရေပိုင်နက်နဲ့နီးတဲ့ စိန့်မာတင်ကျွန်းမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ဧပြီလ(၇)ရက်နေ့က ဖြန့်ကြက်ချထားလိုက်တယ်လို့ AFP သတင်းအရ သိရပါတယ်။

အဲဒီလို ချထားလိုက်တာဟာ နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး၊ နယ်စပ်လုံခြုံရေးနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွေကို ကာကွယ်တားဆီးရေးအတွက် ပုံမှန်ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB)က ပြောပါတယ်။

စိန့်မာတင်ကျွန်းပေါ်မှာ ရိုင်ဖယ်သေနတ်တွေကိုင်ဆောင်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ စစ်သားတွေရဲ့ ဓာတ်ပုံတွေကိုလည်း BGB က ဖြန့်ဝေပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂)လလောက်က မြန်မာအစိုးရက သူ့ရဲ့ပိုင်နက်မြေပုံဖော်ပြချက်ထဲမှာ စိန့်မာတင်ကျွန်းကို ထည့်သွင်းဖော်ပြခဲ့တဲ့အတွက် ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ကန့်ကွက် ခဲ့ပြီးနောက် အခုလို စိန့်မာတင်ကျွန်းပေါ်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေချထားလိုက်တဲ့ ဖြစ်ရပ် ပေါ်ပေါက်လာတာဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

Translated By : Pyae Sone

One News Myanmar
Photo : AFP

Rate this item
(0 votes)
YMG

back to top