HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မီးခိုးမြူများဖြစ်ပေါ်၊ လူထောင်ပေါင်းများစွာ နေထိုင်မကောင်းဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မီးခိုးမြူများဖြစ်ပေါ်၊ လူထောင်ပေါင်းများစွာ နေထိုင်မကောင်းဖြစ်

ချင်းမိုင်၊ ဧပြီ် ၈ - ဇန်နဝါရီလမှစ၍ ထိုင်းနိုင်ငံ မြောက်ပိုင်း၌ မီးခိုးမြူများဖြစ်ပေါ်လျက်ရှိရာ ယခုအခါ အသက်ရှူကျပ်သည့်ရောဂါများ ဖြစ်ပွားလာခဲ့သ ဖြင့် ဆေးရုံသို့တင်ပို့ကုသထားရသူ ၈၆ဝဝကျော် ရှိပြီဖြစ်ကြောင်း၊ အမျိုးသားကျန်းမာရေး လုံခြုံမှုရုံး (NHSO) ကပြောကြား လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဧပြီ ၈ ရက်တွင်ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီမှစ၍ မြောက်ပိုင်း ပြည်နယ်တွင် လေထုညစ်ညမ်းမှု စုဝေးခဲ့ရာ PM 2 .5 ညစ်ညမ်းမှုမြင့် တက်လာခဲ့ကြောင်း၊ အစိုးရနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ က သတ်မှတ်သည့်အဆင့်ထက် ပို၍များခဲ့သည်ဟု သိရသည်။

ယခုအခါ ချင်းမိုင်၏ မေဆိုင် ခရိုင်တွင် PM2.5 အဆင့်မှာ သတိထားရမည့်အဆင့်မှာ တစ်ကုဗမီတာလျှင် ၄၉၂ဒသမ၅၇ မိုက်ခရိုဂရမ် ရှိကြောင်း။ ထိုင်းနိုင်ငံ၌ သတ်မှတ်ထားသည့် ကျန်းမာသည့်အဆင့်ထက် ၁ဝ ဆပို၍များနေကြောင်း၊ WHO ၏သတ်မှတ်ချက်ထက် အဆ ၂ဝ ပို ၍များနေကြောင်း သိရသည်။

ချင်းမိုင်ပြည်နယ် မေဆိုင်ခ ရိုင်တွင် PM2.5 အခြေအနေမှာ တစ်ကုဗမီတာလျှင် ၁ဝဝ မိုက်ခရို ဂရမ်ရှိနေကြောင်း ဤသည်မှာ မတ် လ ၁၃ ရက်ကတည်းက ဖြစ်ပေါ် နေခဲ့သည်ဟု ဆိုသည်။

ထိုင်းအစိုးရက ကျန်းမာရေး အတွက် လုံလောက်သော မီးခိုးမြူ အဆင့်ကို တစ်ကုဗမီတာလျှင် ၅ဝ မိုက်ခရိုဂရမ်သတ်မှတ်ပြီး WHO က တစ်ကုဗမီတာလျှင် ၂၅ မိုက်ခ ရိုဂရမ်ဟု သတ်မှတ်ထားသည်။

ခြောက်သွေ့ရာသီတွင် လယ်ယာမြေများ မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုဖြစ်ရသည်ဟု အပြစ်တင်ခဲ့ကြသည်။ သို့ရာတွင် မီးခိုးမြူများမှာ မြို့ပေါ်၌ စက်မှုလုပ်ငန်းတိုးချဲ့သဖြင့် မီးခိုးမြူများဖြစ် ပေါ်ခဲ့ရသည်ဟုဆိုသည်။ ထို့အ ပြင် မော်တော်ကားအရေအတွက် များလာခြင်းကြောင့် လည်း မီးခိုး မြူများလာရခြင်း ဖြစ်သည်။

NHSO ဒုတိယအထွေထွေ အတွင်းရေးမှူး အက်သာပရွန်လင် ပန်ယယ်လတ် ကပြောကြားရာတွင် ချင်းမိုင်နှင့် မြောက်ပိုင်းပြည်နယ်များတွင် မီးခိုးမြူကြောင့် ဖြစ်ရ သည့် ရောဂါများကြောင့် ဆေးရုံတက်ရသည့် လူနာမှာ လွန်ခဲ့သော သုံးလကတည်းက ပို၍များလာခဲ့ ကြောင်း ပြောကြားလိုက်သည်။

အများဆုံး ဆေးရုံတက်ရသူ များမှာ နှလုံးရောဂါ၊ အဆုတ်နှင့် အသက်ရှူကျပ်ရောဂါရှိသူများနှင့် အဖုအပိမ့်ထွက်သူများကိုလည်း မီးခိုးမြူများကြောင့် ပို၍ရောဂါတိုး စေသည်ဟု ¤င်းကပြောခဲ့သည်။

PM 2.5 မှာ အလွန်သေးငယ် သည့် မြူမှုန်များဖြစ်ပြီး အသက် ရှူရာမှ အဆုတ်ထဲသို့ရောက်ကာ ထိုမှတစ်ဆင့် သွေးကြောထဲသို့ ရောက်သွားကာ ရောဂါဖြစ်ရသည် ဟု ဆိုသည်။ အသက်ရှူကျပ်ခြင်း၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းရောဂါတို့ကို ခံစားကြ ရသည်ဟုဆိုသည်။

လေထုညစ်ညမ်းမှု သက်သာ စေရန် ရေပန်းများကို နေရာများ စွာ၌ တပ်ဆင်ထားသော်လည်း မျက် နှာဖုံးစွပ်များလိုသည်ဟု ဒေါက်တာ အက်သာပရွန်က ပြောခဲ့သည်။

Ref;The Bangkok Post

Rate this item
(0 votes)
YMG

back to top