HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တိုက်ပွဲများ ထရီပိုလီမြို့တော်အနီးရောက်လာ၍ အမေရိကန်စစ်တပ်များ လစ်ဗျားမှ ရုပ်သိမ်း

တိုက်ပွဲများ ထရီပိုလီမြို့တော်အနီးရောက်လာ၍ အမေရိကန်စစ်တပ်များ လစ်ဗျားမှ ရုပ်သိမ်း

ဘင်ဂါဇီ၊ ဧပြီ ၈ - လက်ရှိလုံခြုံရေးအခြေအနေ ကြောင့် အမေရိကန်စစ်တပ်တချို့ အား လစ်ဗျားနိုင်ငံမှ ယာယီရုပ်သိမ်းလိုက်ကြောင်း အမေရိကန် ထိပ်တန်းစစ်အရာရှိတစ်ဦးက ပြော ကြားလိုက်သည်။

လစ်ဗျားစစ်ဦး စီးချုပ်၏တပ်များက ထရီပိုလီမြို့ တော်အနီးသို့အထိ ရောက်ရှိလာ ကာ ပြိုင်ဘက်များကို တိုက်ခိုက် နေ၍ဖြစ်ကြောင်းအဆိုပါအရာရှိ ကဆိုကြောင်း ဗဏ သတင်းကဧပြီ ၈ ရက်တွင်ဖော်ပြလိုက်သည်။

မကြာမီနှစ်များမှစ၍ အမေရိကန်စစ်တပ်အနည်းငယ်ကို လစ်ဗျားနိုင်ငံတွင် ချထားခဲ့သည်။ အစ္စလာမ္မစ်စစ်သွေြး<ွကနှင့် အယ်လ်ခိုင်ဒါတို့ကို တိုက်ခိုက်နေသည့် ဒေသခံတပ်များကို အကူအညီပေး နေခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန် သံတမန်များကိုလုံခြုံအောင် စောင့်ရှောက်ပေးနေ သည်ဟုဆိုသည်။

လစ်ဗျားနိုင်ငံ၏လုံခြုံရေးမှာ အမှန်ပင်ရှုပ်ထွေးလာနေပြီး မှန်း ဆ၍မရနိုင်ကြောင်း မရိန်းတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး သောမတ်စ်ဝဲလ်ဟူ ဆာက ပြောကြားလိုက်သည်။ ၎င်းင်း မှာအမေရိကန်၏ အာဖရိကစစ် ဌာနချုပ်တပ်မှူးဖြစ်သည်။

စစ်တပ်တချို့ကို ရုပ်သိမ်းလိုက်သော်လည်း အမေရိကန်၏ မဟာဗျူဟာကို ထောက်ပံ့ရန် စစ်သားများ ဆက်လက်ရှိနေသေးသည်ဟု ၎င်းင်းကပြောခဲ့သည်။

သို့ရာတွင် ၎င်းင်းက အမေရိကန်စစ်သားမည်မျှရုပ်သိမ်း၍ မည် မျှချန်ထားသည်ကိုမူ ပြောကြား ခြင်းမရှိခဲ့ပေ။

အွန်လိုင်းသတင်းများက ဖော်ပြခဲ့သည်မှာ အမေရိကန်ရေ တပ်သယ်ယူပို့ဆောင်ရေး လေ ယာဉ်နှစ်စင်းအား ထရီပိုလီမြို့အ ရှေ့ဘက် ဂျန်ဇာကမ်းခြေ၌တွေ့ မြင်ခဲ့ရသည်ဟုဆိုသည်။ အမေရိ ကန်တပ်များကို ကမ်းခြေမှသယ် ယူပို့ဆောင်ပေးရန်ဖြစ်သည်။

အိန္ဒိယကလည်း ၎င်းင်း၏ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်များကို ရုပ်သိမ်းခဲ့သည်ဟုသိရသည်။ အိ န္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆုရှာမာဆွာရဂ်ျက လစ်ဗျားနိုင်ငံတွင်မြို့ တော်အနီးအထိ တိုက်ပွဲများဖြစ်လာ၍ ၎င်းင်း၏ငြိမ်းချမ်းရေးထိန်း သိမ်းမှုရဲတပ်ဖွဲ့ဝင် ၁၅ ဦးကိုသယ် ယူခဲ့ကြောင်း ပြောကြားလိုက်သည်။

လစ်ဗျားအမျိုးသားတပ်မတော်ဟု မိမိဘာသာကြေညာထားပြီး ဗိုလ်ချုပ်ကြီးခါလီဖာဟစ်ဖ်တာ ဦးဆောင်သည့်တပ်များ ရုတ်တရက် ထရီပိုလီကို ထိုးစစ်ဆင်ခဲ့သည်။ ဤလုပ်ရပ်ကလစ်ဗျားကို ပြည် တွင်းစစ်သို့ ကျရောက်စေမည်ဟု ပြောခဲ့ကြသည်။

လစ်ဗျားတွင် အရှေ့ပိုင်းနှင့် အနောက်ပိုင်းထရီပိုလီမြို့တို့တွင် အစိုးရနှစ်ဖွဲ့အုပ်ချုပ်နေသည်။ ထရီ ပိုလီရှိအစိုးရခေါင်းဆောင် ဖေလက် ဆာရက်ဂ်ျက ဟစ်ဖ်တာမှာ¤င်းကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း ပြော ကြားလိုက်သည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးမိုက်ပွန်ပီယိုက လစ်ဗျား အတိုက်အခံအားလုံးကို ညှိနှိုင်း၍ ဖြေရှင်းရန်၊ စစ်ရေးအရမဖြေရှင်း ရန်တိုက်တွန်းလိုက်သည်။

တိုက်ပွဲကြောင့် လူ ၃၅ ဦး သေဆုံးခဲ့ရသည်ဟုဆိုသည်။

Ref:AP

#YangonMediaGroup | #Democracytoday

Rate this item
(0 votes)
YMG

back to top