HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပူတင်နှင့် အာဒိုဂန် S-400 ဒုံးပျံစနစ် လွှဲပြောင်းပေးရေးနှင့် အဆင့်မြင့်နည်းပညာဖြင့် လက်နက်များ ထုတ်လုပ်ရေး ဆွေးနွေး

ပူတင်နှင့် အာဒိုဂန် S-400  ဒုံးပျံစနစ် လွှဲပြောင်းပေးရေးနှင့် အဆင့်မြင့်နည်းပညာဖြင့် လက်နက်များ ထုတ်လုပ်ရေး ဆွေးနွေး

မော်စကို၊ ဧပြီ ၉

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တူရကီသမ္မတရီဆက်ဖ် တေယက်အာဒိုဂန်တို့သည် ရုရှား၏ S-400  ဒုံးပျံစနစ် တူရကီသို့ လွှဲပြောင်းပေးရေးကိစ္စကို ဆွေး နွေးသဘောတူခဲ့ကြသည်။ ထို့ အပြင် နှစ်နိုင်ငံပူးပေါင်းကာ အဆင့်မြင့်နည်းပညာဖြင့် လက်နက်များထုတ်လုပ်ရန်ကိုလည်း သဘောတူခဲ့ကြကြောင်း ဆင်ဟွာသတင်းက ဧပြီ ၉ ရက်တွင် ဖော်ပြလိုက်သည်။

မိမိတို့ နှစ်နိုင်ငံသည် စစ်ဘက်နည်းပညာနယ်ပယ်တွင် ခိုင်မာသော ပူးပေါင်းလုပ်ဆောင်မှုကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပထမဆုံးအနေဖြင့် မိမိတို့သ ဘောတူထားသည့ှ်-၄ဝဝ လေ ကြောင်းကာကွယ်ရေး ဒုံးပျံစနစ် လွှဲပြောင်းပေးရေးကို အပြည့်အဝလုပ်ဆောင်သွားမည်ဖြစ် ကြောင်း အာဒိုဂန်နှင့် ဆွေးနွေး ပြီးနောက် ပူတင်က ၎င်း၏ကြေ ညာချက်တွင်ဖော်ပြခဲ့သည်။


၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် တူရကီက ရုရှား၏ S-400 ဒုံးပျံကာကွယ်ရေးစနစ် ကိုဝယ်ယူရန်သဘောတူခဲ့သည်။ ဤစနစ်မှာ တာဝေးပစ်ဒုံးပျံကာကွယ်ရေးစနစ်၏ နောက်ဆုံး ခေတ်အမီဆုံးဖြစ်သည်။ ဤဒုံးပျံသည် ဂြိုဟ်တုဖျက်ဒုံးပျံသုံးစင်းကို တစ်ကြိမ်တည်းသယ်ယူ ပစ်ခတ်နိုင်စွမ်းရှိသည်ဟုဆိုသည်။ တူရကီနိုင်ငံမှာ နေတိုးစာချုပ်အဖွဲ့ဝင်နိုင်ငံများမှ ပထမ ဆုံး S-400 ဒုံးပျံစနစ်ဝယ်ယူ သောနိုင်ငံဖြစ်သည်။ ဤဝယ်ယူ မှုကြောင့် အမေရိကန်ကိုစိတ်ဆိုးစေခဲ့သည်။


ပူတင်က အခြားသဘော တူထားသော စီမံကိန်းများရှိ သေးကြောင်း၊ တူရကီသို့ ရုရှား၏ခေတ်မီစစ် လက်နက်ပစ္စည်းများကို ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ ဆွေးနွေးချက်တွင်ပါဝင်ကြောင်း ပြောကြားလိုက်သည်။ မိမိတို့သည် အဆင့်မြင့်နည်း ပညာသုံးစစ်ပစ္စည်းများကို ထုတ်လုပ်သွားကြမည်ဖြစ်ကြောင်း ပူတင်က ထပ်မံပြောခဲ့သည်။ တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ S-400 ဒုံးပျံများ ပထမအသုတ်ကို တူရကီက ဇူလိုင်တွင်ရရှိပြီး အောက်တိုဘာလတွင် အပြီးသတ်မည်ဟုဆို သည်။ 

 

Ref: Xinhua

Rate this item
(0 votes)

Latest from M Bwe

back to top