HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သတင်းသမား ခါရှိုဂျီ အသတ်ခံရမှုနှင့် ပတ်သက်၍ ဆော်ဒီနိုင်ငံသား ၁၆ ဦးကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်

သတင်းသမား ခါရှိုဂျီ အသတ်ခံရမှုနှင့် ပတ်သက်၍ ဆော်ဒီနိုင်ငံသား ၁၆ ဦးကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်

ဝါရှင်တန်၊ ဧပြီ် ၉ 

သတင်းသမားဂျမေးလ်ခါရှိုဂျီ အသတ်ခံရမှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဆော်ဒီနိုင်ငံသား ၁၆ ဦးကို ပြည်ဝင်ခွင့် ပိတ်လိုက်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်တွင်ကြေ ညာခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန် ရုံးထဲတွင် သတင်းသမား ဂျမေးလ်ခါရှိုဂျီ အသတ်ခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ကွန်ဂရက်လွှတ်တော်က အမေရိကန်သမ္မတထရန့် အစိုးရဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံ ခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဌာနမှထုတ်ပြန်လိုက်သော ကြေညာချက်တစ်ခုတွင် တစ်သီးပုဂ္ဂလများကို စာရင်းပြုစုထားပြီး ၄င်းတို့သည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားစစ်ဆင်ရေးနှင့် ဆက်စပ်သော အစီအစဉ်များအတွက် လျာထားသည့်အက်ဥပဒေ ၂ဝ၁၉ ၏ အပိုဒ် ၇ဝ၃၁ (ဂ) အောက်တွင် သတ်မှတ်ခံထားရကြောင်း ဖော်ပြထားသည်။ 

 

ယင်းအပိုဒ်တွင် ဖော်ပြထားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားအစိုးရ တာဝန်ရှိသူများ၊ တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များ၊ ၄င်းတို့၏ မိသားစုဝင်များသည် သိသာထင်ရှားသော အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများတွင်ပါဝင်သည်ဟု သတင်းအချက်အလက် ရရှိပါက အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်သိမ်းနိုင်ကြောင်းသိရသည်။


ယင်းဥပဒေကို နိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် လူသိရှင်ကြား ထုတ်ပြန်ခြင်း (သို့) သက်ဆိုင်ရာ အရာရှိများနှင့် ၄င်း၏မိသားစုဝင်များကို သီးသန့်ချမှတ်ခြင်းတို့ ကို ပြုလုပ်ရန်လိုအပ်သည်။ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဆော်ဒီအရာရှိ နှစ်ဒါဇင်နီးပါး၏ ဗီဇာများကို ပယ်ဖျက်ခဲ့ပြီး အခြားပုဂ္ဂိုလ် ၁၇ ဦး ၏ပိုင်ဆိုင်မှုများကိုလည်း သိမ်း ဆည်းပိတ်ပင်ထားသည်။ ဆော်ဒီဘုရင့်မိသားစုကိုဝေဖန်သူ ခါရှိုဂျီသည် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝင်ရုံးထဲတွင် ရီယာ့ဒ်မြို့ မှစေလွှတ်လိုက်သော အေးဂျင့် ၁၅ ဦးပါဝင်သော အဖွဲ့၏လက်ချက်ဖြင့်အသတ်ခံရကာ အပိုင်းပိုင်း ခုတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

Ref:The Straitstimes

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top