HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

လစ်ဗျားနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွား၊ ထရီပိုလီမြို့ လေဆိပ်ကို သူပုန်တပ်ဖွဲ့များက သိမ်းပိုက်ထား

လစ်ဗျားနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွား၊ ထရီပိုလီမြို့ လေဆိပ်ကို သူပုန်တပ်ဖွဲ့များက သိမ်းပိုက်ထား

ဘင်ဂါဇီ၊ ဧပြီ ၉

လစ်ဗျားနိုင်ငံတွင် ထရီပိုလီ မြို့သို့ ရောက်ရှိနေသော အစိုးရ စစ်တပ်များနှင့် လစ်ဗျားအမျိုးသား စစ်တပ်တို့အကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် သေဆုံးရသူအနည်းဆုံး ၅၁ ဦး အထိရှိနေပြီး လေယာဉ်ကွင်းအနီးတွင် တိုက်ပွဲများပြင်းထန်ကာ သေဆုံးသူများထဲတွင် နှစ်ဖက်တပ်များနှင့် အကူအရပ်သားများလည်း ပါဝင်ခဲ့ရသည်ဟု ဧပြီ ၉ ရက်သ တင်းများအရ သိရှိရသည်။

လစ်ဗျားအမျိုးသားစစ်တပ်အကြီးအကဲခါလီဖာဟစ်ပ်တာက ထရီပိုလီ မြို့ မီတီဂါလေယာဉ်ကွင်းအနီး၌ ဦးစီးကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ယင်းမြို့တော်လေဆိပ်သည် ထရီပိုလီမြို့တွင်းမှ အရှေ့ဘက် ၈ ကီလိုမီတာ (၅)မိုင်အကွာ အဝေးတွင်တည်ရှိသည်။ လစ်ဗျား နိုင်ငံသည် ၂ဝ၁၁ ခုနှစ်အာဏာရှင် မွမ်မာကဒါဖီသတ်ဖြတ်ခံခဲ့ရပြီး နောက်ပိုင်းကဒါဖီသနားခံတပ်များနှင့် ကုလသမဂ္ဂထောက်ခံအား ပေးထားသောအစိုးရတပ်များအကြား ပြည်တွင်းစစ်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ နှစ်ဖက်တိုက်ပွဲများကြောင့် လစ်ဗျားနိုင်ငံတွင်း၌ အရပ်သား ၃၄ဝဝ ခန့် ပိတ်မိနေသည်ဟုလည်း ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုလိုက်သည်။ စစ်ပွဲများအတွင်းဆရာ ဝန်နှစ်ဦးလည်း သေဆုံးခဲ့ရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။


တိုက်ပွဲများကြောင့် လေယဉ်ကွင်းအား ပိတ်ထားခဲ့ရသော်လည်း ဧပြီ ၈ ရက်နောက်ပိုင်းအချိန်က လေဆိပ်ပြန်ဖွင့်နိုင်ခဲ့သည်။ သို့သော် နံနက် ၇နာရီမှ ည ၇ နာရီအထိသာ ပြန်ဖွင့်နိုင်သည်ဟု မီတီဂါလေဆိပ်တာဝန်ခံ အီဘရာ ဟင်ဖေဒယ်လ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ မီတီဂါလေဆိပ်အား အစိုးရတပ်များထက်ဦးအောင် မိမိတို့တပ်များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု ဟစ်ဖ်တာတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် မိုဟာမက်အယ်လ် မန်းဖိုးက သတင်းစာဆရာများအား ထုတ်ဖော်ပြောဆိုလိုက်သည်။


''လစ်ဗျားနိုင်ငံ၌ နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်စဲကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန်တိုက်တွန်းသည်''ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ထုတ်ဖော် ပြောဆိုလိုက်သည်။ ''တိုက်ပွဲများသည် ထရီပိုလီ မြို့ရှိ ရွှေ့ပြောင်းခိုလှုံသူများ စခန်းအနီးတွင် ပြင်းထန်စွာဖြစ်ပွားနေသည်''ဟု ကုလသမဂ္ဂလူသားချင်း ကယ်ဆယ်ထောက်ပံ့ရေးအေဂျင်စီမှ မာရီယာဒိုဗေးလ်ရီဗာရိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးဌာနကြီးမှူး ဖက်ဒရီကာမော့ဟာ ရီနီက လစ်ဗျားတွင် နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်စဲရန် တောင်းဆိုလိုက်သည်။

Ref: AP

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top