HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အစ္စရေးနိုင်ငံ ရွေးကောက်ပွဲ နေတန်ယာဟုပါတီ အနိုင်ရ

အစ္စရေးနိုင်ငံ ရွေးကောက်ပွဲ နေတန်ယာဟုပါတီ အနိုင်ရ

ဂျေရုဆလင်

အစ္စရေးနိုင်ငံတွင်ကျင်းပနေသော အထွေ ထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ လီကွတ်ပါတီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဘင်နီဂန့်စ် ဦးဆောင် သည့် နိုင်ငံရေးအမြင်မျှတသည့် အပြာနှင့် အဖြူပါတီတို့အကြား အကြိတ်အနယ်ယှဉ်ပြိုင် နေရကြောင်း သိရသည်။  မဲထည့်အပြီး တွေ့ဆုံမေးမြန်း ခန့်မှန်း မှုများ ထွက်ပေါ်လာပြီးနောက် ခေါင်းဆောင် နှစ်ဦးစလုံးက အနိုင်ရရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

မစ္စတာနေတန်ယာဟုက အနောက်ဘက် ကမ်းရှိ ဂျူးလူမျိုးတို့၏ ရွှေ့ပြောင်းအခြေချ နယ်ပယ်ကို တိုက်ခိုက်သိမ်းပိုက်မည်ဟူ၍ ထောက်ခံမဲရရှိစေရန် မဲဆွယ်စည်းရုံးခဲ့သည်။ အလားတူပင် မစ္စတာနေတန်ယာဟုက သူနှင့် အမေရိကန်သမ္မတတို့၏ ဆက်ဆံရေးကို ပုံ ကြီးချဲ့ ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။


သို့ရာတွင် မစ္စတာနေတန်ယာဟုသည် အဂတိလိုက်စားမှု အပုပ်နံ့အတွင်း နစ်မြုပ် နေပြီး အဆိုပါအပုပ်နံ့သတင်းက သူ့အတွက် အလွန်ဆိုးဝါးသောလက္ခဏာ ဖြစ်လာဖွယ်ရှိ သည်။ ဗိုလ်ချုပ်ကြီးဟောင်း ဘင်နီဂန့်ဇ်က နေတန်ယာဟု၏ အဂတိလိုက်စားမှုအပုပ်နံ့ သတင်းကို ရှေ့တန်းတင်မီးမောင်းထိုးပြကာ မဲဆွယ်စည်းရုံးခဲ့သည်။ အလားတူပင် ဂန့်ဇ် က သူသည် ပါလက်စတိုင်းတို့နှင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ ပြန်လည်စတင်ရန် လိုလိုလား လားရှိကြောင်း ပြသခဲ့သည်။


အစ္စရေးနိုင်ငံတွင် ပါတီတစ်ခုတည်းက မည်သည့်အခါမျှ မဲအများစုကိုရရှိသည့်အဖြစ် မျိုး မရှိခဲ့ရာ လက်ရှိအနေအထားအရ ညွန့် ပေါင်းအစိုးရဖွဲ့ရေးဆီကိုသာ ဦးတည်စေဖွယ် ရှိသော်လည်း နောက်ဆုံးထွက်ပေါ်လာသော ရွေးကောက်ပွဲအရ အာဏာရ လီကွတ်ပါတီ က ပဉ္စမအကြိမ်မြောက် အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရသည်။  ထွက်ပေါ်လာသောရလဒ်အရ လက် ယာညွန့်ပေါင်းအစိုးရသစ်ကို လက်ရှိဝန်ကြီး ချုပ် နေတန်ယာဟုက ထပ်မံဦးဆောင်လာ ဖွယ်ရှိကြောင်း သိရသည်။

Ref: NHK

#theyangontimes

Rate this item
(0 votes)

Latest from M Bwe

back to top