HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အိန္ဒိယတွင် ရွေးကောက်ပွဲ မတိုင်မီ ဗုံးခွဲတိုက်ခိုက်မှုဖြစ် လူငါးဦးသေဆုံး

အိန္ဒိယတွင် ရွေးကောက်ပွဲ မတိုင်မီ ဗုံးခွဲတိုက်ခိုက်မှုဖြစ် လူငါးဦးသေဆုံး

နယူးဒေလီ

အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက် ပွဲ စတင်ခြင်းမပြုမီ နိုင်ငံအလယ်ပိုင်း၌ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူငါးဦးသေ ဆုံးခဲ့ကြောင်း သိရသည်။  ဧပြီ ၉ ရက်က ချာသစ်ဂါ့ပြည်နယ်တွင် လွှတ်တော်အမတ် ဘဟီမာမန်ဒါဝီလိုက်ပါ လာသော မော်တော်ကား ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ မန်ဒါဝီသည် ဝန်ကြီးချုပ် နာရန် ဒရာမိုဒီ၏ အာဏာရ ဘဟာရာတီယာဂျာနာ တာပါတီ၏ အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မဲ ဆွယ်စည်းရုံးလှုံ့ဆော်ပွဲသို့ သွားရောက်စဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏အဆိုအရ မော်ဝါဒီသောင်း ကျန်းသူတို့က ဗုံးထောင်၍ အဝေးထိန်းကိရိ ယာဖြင့် ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟုဆိုသည်။ ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍ မစ္စတာ မိုဒီက သူ၏တွစ်တာမှနေ၍ မော်ဝါဒီသောင်း ကျန်းသူတို့ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ယခင် ကလည်း မော်ဝါဒီတို့သည် အစိုးရရုံးများနှင့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှုပြုခဲ့ဖူးပြီး သူတို့က ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရန် မဲဆန္ဒရှင်တို့ကို တိုက်တွန်းလျက်ရှိသည်။


Ref: NHK

#theyangontimes

Rate this item
(0 votes)

Latest from M Bwe

back to top