HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန် အမိမြေလုံခြုံရေး ဒုတိယအကြီးအကဲ ရာထူးမှ နုတ်ထွက်

အမေရိကန် အမိမြေလုံခြုံရေး ဒုတိယအကြီးအကဲ ရာထူးမှ နုတ်ထွက်

ဝါရှင်တန်၊ ဧပြီ် ၁ဝ 

အမေရိကန် အမိမြေ လုံခြုံရေးဌာန ခေတ္တဒုတိယ အကြီးအကဲဖြစ်သူ ကလဲယာဂရာဒီသည် ဧပြီ ၉ ရက်က ရာထူးမှနုတ်ထွက်ခဲ့ ကြောင်း ဧပြီ ၁ဝ ရက်သတင်းများအရသိရှိရသည်။ ၎င်းသည် တောင်ဘက် နယ်စပ်မှ အမေရိကန်နိုင်ငံတွင်းသို့ ရွှေ့ပြောင်းခိုလှုံရန် ကြိုးစားနေမှုများအပေါ် သမ္မတဒေါ်နယ်ထရန့် စိတ်ပျက်နေခြင်း ထင်ဟပ်နေမှုများဖြစ်နေသည်ဟု လေ့လာသူများကလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။

သူမသည် ဧပြီ ၇ ရက်က ရာထူးမှ နုတ်ထွက်သွားသူ ခရစ်ဂျင်နယ်လ်ဆင်၏နေရာတွင် ဆက်ခံရမည့်သူ ဖြစ်သော်လည်း သမ္မတဒေါ်နယ်ထရန့်က သူမအစား အကောက်ခွန်နှင့် နယ်စပ်ရေးရာ အကြီးအကဲ ကယ်ဗင်မက်အလင်နန်အား နယ်လ်ဆင်၏ ရာထူးနေရာတွင် အစားထိုးခန့်အပ်ခဲ့သည်။  နယ်လ်ဆင်နှင့် ဂရာဒီနှစ်ဦးစလုံးတို့သည် မက္ကဆီ ကိုနယ်စပ်အရေး ကျွမ်းကျင်သူများဖြစ်ပြီး ၎င်းတို့ နှစ်ဦးစလုံးသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ သမ္မတ ထရန့်နှင့် အမြင်မတူသူများလည်း ဖြစ်ကြသည်။

Ref : AP

#democracytoday

Rate this item
(0 votes)

Latest from M Bwe

back to top