HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တရုတ်နိုင်ငံတွင် ကုန်ပစ္စည်းများရောင်းချမှုလုပ်ငန်းများကို Amazon ကုမ္ပဏီရပ်ဆိုင်းတော့မည်

တရုတ်နိုင်ငံတွင် ကုန်ပစ္စည်းများရောင်းချမှုလုပ်ငန်းများကို Amazon ကုမ္ပဏီရပ်ဆိုင်းတော့မည်

ဟောင်ကောင်၊ ဧပြီ ၁၉ - Amazon ကုမ္ပဏီသည် အွန်လိုင်းရှော့ပင်းကဏ္ဍတွင် ကမ္ဘာ့ အကြီးမားဆုံးဈေးကွက်ကြီးမှ တစ်စိတ်တစ်ပိုင်း နုတ်ထွက်တော့မည် ဟုဆိုသည်။

မကြာသေးမီလများအတွင်း တရုတ်နိုင်ငံရှိ ဈေးကွက်ဝန်ဆောင်မှုကို ပိတ်ပစ်တော့မည်ဟု ပြောဆိုလိုက်သည့်အတွက် ယင်းနိုင်ငံရှိ Amazon ဖောက်သည်များသည် တရုတ်ဝယ်သူများထံမှ ကုန်ပစ္စည်းများ ဝယ်ယူနိုင်တော့မည် မဟုတ်ပေ။ ဈေးကွက်ဝန် ဆောင်မှုများကို ရပ်ဆိုင်းလိုက်သည့် အကြောင်းရင်းကို Amazon က ရှင်းလင်းခဲ့ခြင်းမရှိခဲ့ဘဲ တရုတ်နိုင်ငံသို့ အခြားနိုင်ငံများမှ ကုန်ပစ္စည်းများတင်ပို့ရောင်းချမှုကိုသာ အာရုံစိုက်မည်ဟု ပြောဆိုခဲ့သည်။

ကြေညာချက်တစ်ခုတွင် ကုမ္ပဏီက ''Amazon.cn မှာရှိတဲ့ ဈေးကွက်ဝန်ဆောင်မှုကို ကျွန်တော်တို့လုပ်ကိုင်တော့မှာမဟုတ် တော့တဲ့အကြောင်းနဲ့ ဇူလိုင် ၁၈ ရက်ကစလို့ Amazon.cn မှာ ရောင်းသူဝန်ဆောင်မှုကို ထောက်ပံ့ပေးတော့မှာမဟုတ်တဲ့အကြောင်း ရောင်းသူတွေကို အသိပေးလိုက်ပါတယ်''ဟု ပြောဆိုခဲ့ သည်။ Amazon ကုမ္ပဏီဝန်ဆောင်မှုသည် တရုတ်နိုင်ငံ၏ e-commerce ဦးဆောင်သူ Alibaba ကုမ္ပဏီမှ ပိုင်ဆိုင်သော Tmall နှင့် တရုတ်ရောင်းချသူများအပေါ် လွှမ်းမိုးမှုတွင် ယှဉ်ပြိုင် နေရသည်။

Amazon ကုမ္ပဏီသည် တရုတ် ဈေးကွက်ထဲသို့ လွန်ခဲ့သည့် ၁၅ နှစ်တွင် ဝင်ရောက်ခဲ့ပြီး ယင်းအချိန်က အွန်လိုင်းစာအုပ်လက်လီ ဆိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် ပြင်းထန်သောယှဉ်ပြိုင် မှုများနှင့် ရုန်းကန်ခဲ့ရသည်။ သုတေသနပြုချက်များ၏အဆိုအရ တရုတ်နိုင်ငံရှိ ကုမ္ပဏီ၏ဈေးကွက်ဝေစုသည် ဒေသတွင်းပြိုင်ဘက် များနှင့်နှိုင်းယှဉ်လျှင် အလွန်နည်းပါးသည်ဟု သိရသည်။

တရုတ် အွန်လိုင်း လက်လီဈေးကွက်သည် အလွန်ကြီးမားပြီး နှစ်စဉ် ရောင်းအားမှာ ဒေါ်လာ နှစ်ထရီလီယံအထိရှိသည်ဟု သုတေသန ကုမ္ပဏီ e-Marketer ကဆိုသည်။ အမေရိကန်ဈေးကွက်ပင်လျှင် ယင်းပမာဏ၏ လေးပုံတစ်ပုံခန့်သာရှိသည်။ တရုတ်ဈေးကွက်ကို ဝယ်ယူရောင်းချမှု ထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားသည့် Alibaba နှင့် ဒေသတွင်းပြိုင်ဘက် JD.com တို့က လွှမ်းမိုးထားကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

Ref : CNN

#YangonMediaGroup | #DemocracyToday

Rate this item
(0 votes)
YMG

back to top