HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗြိတိန် အကျဉ်းထောင်များတွင် အကျဉ်းသားများ ဆဲလ်ဖုန်း တရားမဝင် အသုံးပြုမှုများကို တားဆီးမည်

ဗြိတိန် အကျဉ်းထောင်များတွင် အကျဉ်းသားများ ဆဲလ်ဖုန်း တရားမဝင် အသုံးပြုမှုများကို တားဆီးမည်

လန်ဒန်၊ ဧပြီ ၂၂

ဗြိတိန်အကျဉ်းထောင်များတွင် အကျဉ်းသားများ တရားမဝင် ဆဲလ်ဖုန်းများ သုံးစွဲမှုအား ဖမ်းဆီးနိုင်ရန် ရွေ့လျားထောက်လှမ်းနိုင်သော အထူးကိရိယာများဖြင့် ထောက်လှမ်းဖမ်းဆီးမည်ဟု ဗြိတိန်တရားရေးဝန်ကြီး ဒေးဗစ်ဂေါ်ကီက ထုတ်ဖော်ပြောဆိုလိုက်သည်ဟု ဧပြီ ၂၂ ရက်သတင်း များအရ သိရသည်။

ယင်းကိရိယာသည် ဆဲလ်ဖုန်းများမှ ထုတ်လွှင့်သောလှိုင်းများအား ဖမ်းယူကာ လုံခြုံရေးများသို့ ပြန်လည်အချက်ပြ ထုတ်လွှင့်မည်ဖြစ်သည်။ ယင်းကိရိယာသုံးစွဲခြင်းဖြင့် အကျဉ်းသားများ၏ ထောင်ပြင်ပသို့ ဆဲလ်ဖုန်းအသုံးပြုဆက်သွယ်၍ ထောင်တွင်းမှုခင်းများ ကျူးလွန်ခြင်းအား ကာကွယ်နိုင်မည် ဖြစ်သည်။


''မှုခင်းကျူးလွန်သူတွေဟာ ဆဲလ်ဖုန်းအသုံးပြုမှုအပါအဝင် ထောင်တွင်းထောင်ပြင် နည်းမျိုးစုံနဲ့ အဆက်အသွယ်ပြုပြီး ထောင်တွင်းမှုခင်း များ ထပ်ဆင့်အမှု ကျူးလွန်တတ်ကြပါတယ်''ဟု ဒေးဗစ်ဂေါ်ကီက ထုတ်ဖော်ပြောဆိုလိုက်သည်။ ဗြိတိန်အကျဉ်းသားများသည် ကျပ်တည်းသော ခွင့်ပြုချက်များ ဖြင့် တရားဝင် ဖုန်းအသုံးပြုခွင့် ရှိထားသော်လည်း ဆဲလ်ဖုန်းများဖြင့် တရားမဝင်သုံးစွဲခြင်းက ပိုမိုများနေသည်။ 

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top