HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်း အပန်းဖြေမြို့ကလေး၌ သေနတ်သမားတစ်ဦး အကြမ်းဖက် ပစ်ခတ်၊ နှစ်ဦးသေ၊ လေးဦး ဒဏ်ရာရရှိ

နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်း အပန်းဖြေမြို့ကလေး၌  သေနတ်သမားတစ်ဦး အကြမ်းဖက် ပစ်ခတ်၊ နှစ်ဦးသေ၊ လေးဦး ဒဏ်ရာရရှိ

ကာနို၊ ဧပြီ ၂၂ 

နိုင်ဂျီးရီးယား နိုင်ငံအနောက်မြောက်ပိုင်းရှိ ကာဒူနာမြို့ အရှေ့တောင်ကီလိုမီတာ ၆ဝ ကွာဝေးသော အပန်းဖြေစခန်း တစ်ခု၌ ဧပြီ ၂၁ ရက်က သေနတ်သမားတစ်ဦးက အသေခံဗုံးဖောက်ခွဲ အကြမ်းဖက်မှုကြောင့် ဗြိတိသျှလူမျိုး ကူညီထောက်ပံ့ရေး ဝန်ထမ်းတစ်ဦးအပါအဝင် လူနှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာများရရှိသွားခဲ့သည်ဟု ရဲအဖွဲ့သတင်းကြေညာချက်အရ ဧပြီ ၂၂ ရက်က သိရှိရ သည်။ သေဆုံးရသူဗြိတိသျှနိုင်ငံသားမှာ Ms Faye Mooney ဖြစ်သည်ဟုလည်း သိရှိရသည်။

''သေဆုံးသူဟာသင်ကြားရေး ထူးချွန်သူတစ်ဦးဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံအတွက် အလုပ်လုပ်ပေး နေသူပါ'' ဟု Mercy Corps အကြီးအကဲ နီးလ်ကယ်နီလူယာက ကြေညာချက်ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။ သူမသည် လူမှုကူ ညီရေးအသင်း Mercy Corps တွင် လုပ်သက် နှစ်နှစ်ရှိနေသူဖြစ်သည်။ သေနတ်သမားများသည် အပန်းဖြေစခန်းအတွင်းသို့ ဧပြီ ၁၉ ည ၁၁ နာရီ မိနစ် ၄ဝ တွင် တစ်ဟုန်ထိုးဝင်ရောက်ကာ ပစ်ခတ်အကြမ်းဖက်ခဲ့ကြခြင်းဖြစ်သည်ဟု ရဲအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယာကူဘူဆာကိုက ထုတ်ဖော် ပြောဆိုလိုက်သည်။


သေနတ်သမားများသည် လူငါးဦးကို ဓါးစာခံဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးမှာထွက်ပြေး လွတ်မြောက်လာခဲ့သည်။ Ms Mooney နှင့်အတူ နိုင် ဂျီးရီးယားလူမျိုးတစ်ဦးမှာလည်း သေနတ်ထိမှန်ကာ သေဆုံးခဲ့ရသည်။ နိုင်ဂျီးရီးယားနိုင်ငံ အနောက် မြောက်ဘက်ဒေသနှင့် ကာဒူနာ မြို့များတွင် မကြာခဏ ပြန်ပေးဆွဲ ခံရသူများ ရှိနေသည်။ နိုင်ဂျီးရီးယားတောင်ပိုင်းသည် ရေနံပေါ ကြွယ်သောနေရာဖြစ်သည်။ ယင်း ဒေသတွင်လည်း လက်နက်ကိုင် သောင်းကျန်းသူများရှိပြီး ကျွဲနွား အုပ်လိုက်ခိုးယူမှုများ ရှိခဲ့ရာဒေသ ဖြစ်သည်။

Ref: AFP

#democracytoday

Rate this item
(0 votes)
back to top