HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အာဖဂန်နစ္စတန်တွင် စစ်ဆင်ရေးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၈ ဦး သေဆုံး

အာဖဂန်နစ္စတန်တွင် စစ်ဆင်ရေးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၈ ဦး သေဆုံး

ကဘူးလ်၊ ဧပြီ ၂၃

အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ်နှစ်ခုတွင် သီးခြားဖြစ်စဉ်နှစ်ခု၌ စစ်ဆင် ရေးနှင့် လေကြောင်းတိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၈ ဦး သေဆုံးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။ အာဖဂန်အရှေ့ပိုင်း ဂါဇနီပြည်နယ်တွင် နေတိုးတပ်ဖွဲ့ဦးဆောင်သည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တာလီဘန်စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ပြီး တာလီဘန်တို့၏ စစ်ဆင်ရေးဌာနချုပ်ကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါနေရာမှာ အန်ဒါခရိုင် ကာလာအီဂွာကျေးရွာ၌ရှိပြီး အာဖဂန်အမျိုးသား ကာကွယ်ရေးတပ်(ANDSF)က ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြလိုက်သည်။

ဂါဇာနီပြည်နယ်၏ နာဝါနှင့် ဂျီလန်ခရိုင်တို့ဟာ ANDSF တပ်ဖွဲ့က ဧပြီ ၂၂ ရက် ညဘက်တွင် နှစ်နေရာကို စီးနင်း တိုက်ခိုက်ခဲ့ရာ ဟက်ကာနီအုပ်စုနာမည်ကြီးတပ်မှူး မူလာရာမာဒန် ကျဆုံးခဲ့ပြီး ၎င်း၏လက်ထောက် မိုဟာမက်ရာရာဟင်မှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ အခြားဟက်ကာနီတပ်သား နှစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ဟက်ကာနီအုပ်စုအား အမေရိကန်က ၂ဝ၁၂ ခုနှစ်တွင် အကြမ်းဖက်အုပ်စုဟု သတ်မှတ်ခဲ့သည်။ ထိုအုပ်စုသည် တာလီဘန်တို့၏ လက်နက်ကိုင် အုပ်စုဖြစ်သည်။ ဂါဇာနီပြည်နယ် ဒိုင်ယတ်ခရိုင်ရှိ တာလီဘန်တို့၏ လက်နက်တိုက်ကိုလည်း အမေရိ ကန် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ပျက်စီးသွားခဲ့သည် ဟုဆိုသည်။


ဥရုဇ်ဂ်ျပြည်နယ် တီတင်ကို့ဇ်မြို့ နယ်မြေကိုလည်း မဟာမိတ်တပ်များက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ တာလီဘန်ကိုးဦး သေဆုံးခဲ့သည်။ မဟာမိတ်တပ်များဘက်မှ ဒဏ်ရာရသူ မရှိသကဲ့သို့ လုပ်သားသေဆုံးမှုလည်းမရှိကြောင်း အာဖဂန်စစ်တပ်က ဖော် ပြခဲ့သည်။ အာဖဂန်စစ်တပ်က တာလီဘန်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ နွေရာသီ တာလီဘန်တို့ ထိုးစစ်ကို တန်ပြန်ရန်ဖြစ်ကြောင်း စစ်တပ်အစီရင်ခံစာက ဖော်ပြခဲ့သည်။

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top