HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဘရာဇီးနိုင်ငံမြို့တော်၌ လူနေ အဆောက်အအုံ တစ်လုံး ပြိုကျ၊ ၂၄ ဦး သေဆုံး

ဘရာဇီးနိုင်ငံမြို့တော်၌ လူနေ အဆောက်အအုံ တစ်လုံး ပြိုကျ၊ ၂၄ ဦး သေဆုံး

ရီယိုဒီဂျနေရိုး၊ ဧပြီ ၂၃

ဘရာဇီးနိုင်ငံမြို့တော် ရီယိုဒီဂျနေရိုးမြို့ အနောက်ပိုင်း၌ လူနေအဆောက်အအုံတစ်လုံး ဧပြီ ၂၁ ရက်က ပြိုကျခဲ့ရာတွင် သေဆုံးသူ ၂၄ ဦးရှိကြောင်း ဧပြီ ၂၃ ရက် သတင်းများအရသိရသည်။ ထိုသို့ပြိုကျခဲ့ရာတွင် အပြိုအပျက်များကြားမှ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူ အသက်(၃၅)နှစ်အရွယ် အဒီမာလ်ရိုဒရီရုစ်မှာ ဒဏ်ရာပြင်းထန်၍ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရသည်။ သူမ၏ခင်ပွန်းသည်မှာ အဆောက်အအုံပြို ကျရာ၌ သေဆုံးသွားခဲ့ရသော်လည်း အသက် (၁ဝ)နှစ်အရွယ် သမီးဖြစ်သူသည် အသက်ဘေးမှ ကံအားလျော်စွာ လွတ်မြောက်ခဲ့ရသည်။ သေဆုံးသူများထဲတွင် အသက် (၂)နှစ်မှ (၁၅)နှစ်အရွယ် လူငယ်ကိုးဦး ပါရှိခဲ့သည်။

ယင်းပြိုကျအဆောက်အအုံသည် အင်ဂျင်နီယာ(သို့မဟုတ်) ကန်ထရိုက်တာဖြင့် စနစ်တကျ ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့က လူနေထိုင်နိုင်သော အဆောက်အအုံဖြစ်ရုံ တည် ဆောက်ထားသည်ဟုလည်းသိရသည်။ ယင်းအဆောက်အအုံ ပြိုကျမှုနှင့် စပ်လျဉ်း၍ ဘရာဇီးရဲတပ်ဖွဲ့က တာဝန်ရှိသူသုံးဦးအား ဖမ်းဆီးထားသည်ဟုသိရသည်။

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top