HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ကားမောင်းစဉ် ဆဲလ်ဖုန်းမပြောရန် အရီဇိုးနားပြည်နယ်တွင် ဥပဒေပြဋ္ဌာန်း

ကားမောင်းစဉ် ဆဲလ်ဖုန်းမပြောရန် အရီဇိုးနားပြည်နယ်တွင် ဥပဒေပြဋ္ဌာန်း

ဖီးနစ်၊ ဧပြီ ၂၃

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်သည် ယာဉ်မောင်း နှင်နေစဉ် ဆဲလ်ဖုန်းအသုံးပြု စကားပြောဆိုခြင်းမှ ပိတ်ပင်တားမြစ်သော ဥပဒေတစ်ရပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူး ရီပတ်ဘလီကန်ပါတီဝင် ဒူစီက ဧပြီ ၂၂ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်ဟု ဧပြီ ၂၃ ရက်သတင်းများအရ သိရသည်။ ယင်းသို့သော တားမြစ်ဥပဒေကို နိုင်ငံအတွင်း အခြားပြည်နယ်များတွင်လည်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ယင်းဥပဒေ မပြဋ္ဌာန်းမီက ယာဉ်မောင်းနှင်သူများသည် ယာဉ်မောင်းနှင်နေရင်း ဆဲလ်ဖုန်းအသုံး ပြုကြ၍ ယာဉ်တိုက်မှုများဖြစ်ပွားကာ လူသေဆုံးရမှုများ ရှိနေခဲ့သည်။ သေဆုံးသူအများစုတို့မှာ ယာဉ်ထိန်းတာဝန် ထမ်းဆောင်နေသော တာဝန်ကျ ရဲအများစုတို့ ဖြစ်ခဲ့ကြသည်။

လွန်ခဲ့သော ဇန်နဝါရီလအတွင်းက Salt River ခရိုင် ရဲအရာရှိ ကလေတန်တောင်းဆန့်သည် ကားတိုက်ခံ သေဆုံးခဲ့ရပြီး ယာဉ်မောင်းနှင်သူမှာ ဇနီးထံသို့ ဆဲလ်ဖုန်းဖြင့် စကားပြောနေခြင်း ဖြစ်သည်ဟုဆိုသည်။ ယင်းဖြစ်ရပ်သည် အမေရိကန်နိုင်ငံအတွင်း သတင်းပြန့်ပွက်လော ရိုက်သွားခဲ့ရပြီး ယာဉ်မောင်းစဉ် ဆဲလ်ဖုန်းအသုံးပြုမှု ပိတ်ပင်ရေးဝေဖန်သံများ မြင့်တက်လာခဲ့ရသည်။ ''ယာဉ်မောင်းစဉ် ဖုန်းအသုံးမပြုရဆိုတဲ့ အမိန့်ထုတ်လိုက်တော့ အထိုက်အလျောက်တော့ ယာဉ်တိုက်လူသေမှုတွေ လျော့နည်းသွားမှာ အသေအချာပါပဲ''ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ဖော်ပြောဆိုလိုက်သည်။ 

Ref: AP

#democracytoday

Rate this item
(0 votes)
back to top