HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အင်ဒိုနီးရှား ဆူမားတြားကျွန်းတွင် ထောင်ဖောက်မှုဖြစ်ပွား၊ အကျဉ်းသား ၁ဝဝ ကျော်ထွက်ပြေး လွတ်မြောက်

အင်ဒိုနီးရှား ဆူမားတြားကျွန်းတွင် ထောင်ဖောက်မှုဖြစ်ပွား၊ အကျဉ်းသား ၁ဝဝ ကျော်ထွက်ပြေး လွတ်မြောက်

ဂျကာတာ၊ မေ ၁၁
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်း၌ အကျဉ်းထောင်တစ်ခုအား ဖောက်ထွင်းကာ အကျဉ်းသား ၁ဝဝ ကျော် မေ ၁၁ ရက်က ထွက် ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ဤသည်မှာ အင်ဒိုနီးရှား၏ ဟောင်း နွမ်းနေသည့် ထောင်စနစ်ကိုထိခိုက် စေကြောင်း AFP သတင်းကဖော် ပြလိုက်သည်။ ဆူမားတြားကျွန်း ဆီအက် ခရိုင်ထောင်မှ ထောင်သားများ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်ကြောင်း မေ ၁၁ နံနက်စော စောအချိန်၌ ဖြစ်ကြောင်း၊ ထောင် ထဲရှိဖမ်းဆီးဌာန၌ ထောင်သား များဆူပူမှုပြုလုပ်ခဲ့ကြပြီး မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ က ပြောကြားလိုက်သည်။

ဒေသဆိုင်ရာရုပ်သံသတင်း များအရ ထောင်ထဲ၌မီးလောင်နေ သည်ကို ပြသခဲ့သည်ဟုဆိုသည်။ အာဏာပိုင်များက ထောင် သားများကို လိုက်လံဖမ်းဆီးခဲ့ရာ အကျဉ်းသား ၁၁၅ ဦးကို နံနက် ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရီယူ ပြည်နယ်ရဲမင်းကြီး ဝီဒိုဒိုအီကိုပရီ ဟက်စ်တိုပိုက ပြောကြားလိုက်သည်။ ထောင်ထဲမှ အကျဉ်းသား ၆၅ဝ ခန့်မှာ ယခုအထိလွတ်နေဆဲဖြစ် ကြသည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့နှင့် စစ်တပ်က ယခု အထိ ထွက်ပြေးအကျဉ်းသားများ ကို ရှာဖွေနေဆဲဖြစ်သည်ဟု ပရီ ဟက်စ်တိုပိုက ပြောခဲ့သည်။ ထောင်ဝန်ထမ်းများက မိသိုင်း ဖီတာမင်ဆေးပြားဖမ်းမိသည့်အ ကျဉ်းသားကိုရိုက်နှက်ရာမှ စတင် ကာ ထောင်ဆူပူမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။


ထောင်သားသုံးဦး ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ထောင်ဝန်ထမ်းကဆူ ပူနေသည့်နေရာကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ အင်ဒိုနီးရှားတွင် ထောင်ဖောက် မှုမှာ ရိုးနေပြီဖြစ်သည်။ ထောင် များတွင် လူဦးရေထူထပ်ကာ သန့် ရှင်းမှုလည်းမရှိကြောင်း အကျဉ်း သားများကဆိုသည်။ ၂ဝ၁၃ ခုနှစ်ကတည်းက ထောင်ဖောက်ကာအကျဉ်းသား ၁၅ဝ ထွက်ပြေးသွားခဲ့ရာ ထိုအထဲ တွင် အကြမ်းဖက်သမားများလည်း ပါဝင်ကြသည်ဟု ဆိုသည်။

Ref ; CNA

#democracytoday

Rate this item
(0 votes)
back to top