HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တူနီးရှားနိုင်ငံတွင် လှေစီးဒုက္ခသည်များ မြေထဲပင်လယ်တွင်း တိမ်းမှောက်၊ ၆၅ ဦးရေနစ် သေဆုံး၊ ၁၆ ဦးအသက်ရှင်

တူနီးရှားနိုင်ငံတွင် လှေစီးဒုက္ခသည်များ  မြေထဲပင်လယ်တွင်း တိမ်းမှောက်၊ ၆၅ ဦးရေနစ် သေဆုံး၊ ၁၆ ဦးအသက်ရှင်

တူးနစ္စ၊ မေ ၁၁

မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းဒုက္ခသည်များလိုက်ပါလာသော လှေတစ်စင်း သည် တူနီးရှားကမ်းလွန်ပင်လယ်ပြင်အတွင်း မေ ၁ဝ ရက်က နစ်မြုပ်ခဲ့သောကြောင့် ရွှေ့ပြောင်းဒုက္ခသည် ၆၅ ဦးသေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မင်းကြီးရုံးမှ ဗင်းဆင့်ကိုချီတဲလ်က ထုတ်ဖော်ပြောဆိုလိုက်သည်ဟု မေ ၁၁ ရက် သတင်းများအရသိရှိရသည်။ မြေထဲပင်လယ်အတွင်း မျောပါနေသူ ဒုက္ခသည် ၁၆ ဦးအား တူနီးရှားတံငါသည်များက ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူများထဲမှ လေးဦးတို့၏ ရုပ်အလောင်းများကိုလည်း ဆယ်ယူရရှိခဲ့သည်ဟုလည်း သိရသည်။

''ဒါဟာမြေထဲပင်လယ်ကို ခနော်နီခနော်နဲ့လှေတွေနဲ့ ဖြတ်ကူးရင်း အဆိုး ဆုံးတွေ့ကြုံရတဲ့ဖြစ်ရပ်ပါပဲ''ဟု ကိုချီတဲလ်က ထုတ်ဖော်ပြော ဆိုလိုက်သည်။ ယင်းလှေသည် လစ်ဗျားနိုင်ငံ ဘူဝါရာမြို့မှ ဥရောပနိုင်ငံများသို့ သွား ရောက်ရန်ထွက်ခွာလာခြင်းဖြစ်သည်။ တူးနစ္စမြို့တောင်ဘက် ကီလိုမီတာ ၂၇ဝ အကွာ ရေမိုင် ၄ဝ တွင်လှေကွဲကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လှေပေါ်တွင် ဘင်္ဂါလီလူမျိုးများ၊ မော်ရိုကိုလူမျိုးများ ပါဝင်ခဲ့သည်ဟု တူနီးရှားကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။

Ref;Aljazeer

#democracytoday

Rate this item
(0 votes)
back to top