HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂါဇာဒေသအရှေ့ပိုင်းတွင် ပါလက်စတိုင်းနှင့် အစ္စရေးစစ်တပ် ပဋိပက္ခဖြစ်၊ တစ်ဦးသေ၊ ၃ဝ ဒဏ်ရာရ

ဂါဇာဒေသအရှေ့ပိုင်းတွင် ပါလက်စတိုင်းနှင့် အစ္စရေးစစ်တပ် ပဋိပက္ခဖြစ်၊ တစ်ဦးသေ၊ ၃ဝ ဒဏ်ရာရ

ဂါဇာ၊ မေ ၁၁

ဂါဇာကမ်းမြောင်ဒေသ အရှေ့ပိုင်း အစ္စရေးနယ်စပ်အနီး၌ ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေး စစ်သားတို့အကြား ပဋိပက္ခဖြစ်ပွား ခဲ့ရာ သောကြာနေ့တိုင်းဆန္ဒပြမှု၌ ပါလက်စတိုင်း တစ်ဦးသေဆုံးခဲ့ ပြီးလူ ၃ဝ မှာဒဏ်ရာရရှိသွားခဲ့ ကြောင်း ဆင်ဟွာသတင်းက မေ ၁၁ ရက်တွင်ဖော်ပြလိုက်သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာ နပြောခွင့်ရပုဂ္ဂိုလ် အရှရက်ဖ် အယ်လ်ကေဒရာက သတင်း ထောက်များအား ပြောကြားသည် မှာအသက် (၂၄) နှစ်ရှိအဗ္ဗဒူလာ အဗ္ဗဒဲလ်အေးလ်မှာ သေဆုံးခဲ့ ကြောင်း ¤င်းမှာ ဂါဇာတောင်ပိုင်း ဒေသ ရာဖာမြို့မှဖြစ်ကြောင်း အစ္စ ရေးစစ်သား ပစ်ခတ်လိုက်သည့် ကျည်က ¤င်း၏ဝမ်းဗိုက်ကို ထိမှန် သေဆုံးခဲ့ရကြောင်း ပြောခဲ့သည်။ အစ္စရေးစစ်သားများ၏ သေ နတ်ဖြင့်ပစ်ခတ်မှုကြောင့် အခြား ပါလက်စတိုင်း ၃ဝ တို့မှာလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းက ပြောကြားလိုက်သည်။


ထို့အတူ ဆန္ဒပြရာဒေသ၌ ဆေးဝါးကုသပေးနေသူလည်း ပါ ဝင်ကြောင်း ¤င်းမှာဦးခေါင်းကို သေ နတ်ထိမှန်ခဲ့ရာဒဏ်ရာအတော် ပြင်းထန်သည်ဟုဆိုသည်။ သောကြာနေ့ မွန်းလွဲပိုင်း တွင် ဆန္ဒပြသူများသည် ဂါဇာ အရှေ့ပိုင်းနှင့် အစ္စရေးနယ်စပ်သို့ ချီတက်လာခဲ့ကြကြောင်း မကြာမီ ကြေညာမည့်အမေရိကန်၏ '' Deal of the Century ''ဆိုသည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း ပါလက်စတိုင်း တို့ကပြောခဲ့သည်။


ဆန္ဒပြသူတို့သည် သော ကြာနေ့တိုင်း အစ္စရေးဆန့်ကျင်ရေး ဆန္ဒပြမှုကို လုပ်ဆောင်ခဲ့ကြရာအ များအားဖြင့် Great march of return ဟုခေါ်ကြသည်။ ဤဆန္ဒ ပြမှုကို၂ဝ၁၈ ခုနှစ်မတ်လက တည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေးဌာနက ပြောကြားသည်မှာ အစ္စရေးစစ် တပ်ကပစ်ခတ်၍ ပါလက်စတိုင်း ၃ဝ၄ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၁၇၃ဝ၁ ဦးရှိကြောင်း၊ ကလေးငယ် ၃၅၄၄ ဦးပါဝင် ကြောင်းနှင့် အမျိုးသမီး ၁၁၆၈ ဦး ပါဝင်ကြောင်း အပတ်စဉ်ဆန္ဒပြမှု စတင်ခဲ့သည်မှစာရင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top