HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ၂ဝ၂၁ ခုနှစ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ယှဉ်ပြိုင်အရွေးခံတော့မည် မဟုတ်ဟု ပြောကြား

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က  ၂ဝ၂၁ ခုနှစ်ရွေးကောက်ပွဲတွင်  ဝန်ကြီးချုပ်  ယှဉ်ပြိုင်အရွေးခံတော့မည် မဟုတ်ဟု ပြောကြား

ဖရန့်ဖတ်၊ မေ ၁၂

ဂျာမနီနိုင်ငံ၏ ခရစ်ယန်ဒီမိုကရက်ပါတီမှ လက်ရှိဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ၂ဝ၂၁ ခုနှစ်အထိ မိမိဆက်လက်တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ထား ခြင်းမရှိဟု လူထုတွေ့ဆုံပွဲအခမ်းအနားတစ်ခုတွင် ပြောဆိုလိုက်သည်ဟု မေ ၁၂ ရက်သတင်းများအရသိရှိရသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်း က ပါတီတွင်းရွေးကောက်ပွဲ၌ ''အန်နာဂရက်ကရမ့်ကာ ရင်'' အရွေးချယ်ခံရပြီး ဥရောပနိုင်ငံတစ်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်၏ ဦးဆောင်မှု အခန်းလျော့ကျလာခဲ့ရ သည်။ ''ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ အရွေး ချယ်ခံ ရာထူးများဖြစ်ကြ ပြီး အချိန်ပြည့်တာဝန် ထမ်းဆောင်ကြရပါတယ်''ဟု အရွေးချယ်ခံရသူ သူ မက ထုတ်ဖော်ပြောဆို လိုက်သည်။ ''ဒါကြောင့် မိမိတို့တာဝန် ဝတ္တရားများ ကို လျင်မြန်စွာဆောင် ရွက်ကြဖို့လိုအပ်တယ်''ဟုလည်း ဆက်လက် ပြောကြားလိုက်သည်။ ''ကျွန်မအနေနဲ့က တော့ ဒီသဘောတရားအတိုင်း ခံယူထားပြီး ပေးအပ်တာဝန်ကို အကောင်းဆုံးထမ်းဆောင်ပါ တယ်''ဟုလည်း The Weltam Somntag သတင်းစာတိုက်ကြီးသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။


အသက် (၆၄)နှစ်ရှိပြီဖြစ်သော မာကယ်သည် ၂ဝဝ၅ ခုနှစ်မှစတင် ကာ ဂျာမနီနိုင်ငံ၏ဝန်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်ခဲ့သူ ဖြစ် သည်။ ၂ဝ၁၇ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရပြီး နောက် ပါတီဥက္ကဋ္ဌတာဝန်မှ ဖယ် ပေးခဲ့ရသည်။ ရွှေ့ပြောင်းသွား လာသူများ ဥရောပဝင်ခွင့်ကိုကန့် ကွက်သူဖြစ်သည်။ ''ဥရောပနိုင်ငံ များရဲ့ အထွေထွေရွေးကောက်ပွဲ များဟာ အမျိုးသားရေးအခြေ အနေများအပေါ် ရိုက်ခတ်တတ် ပါတယ်''ဟု ပါတီ ဥက္ကဋ္ဌသစ်ဖြစ် သော အင်နာကရက်ကရမ့်ကာရင် က ထုတ်ဖော်ပြောဆိုလိုက်သည်။


''ပါတီအနေနဲ့ စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိနေဖို့ အရေး ကြီးပါတယ်။ ကျွန်မနဲ့ မာကယ်ဆက် ဆံရေးမှာ ပြဿနာမရှိပါဘူး။ ဆက် ဆံရေးအခြေအနေကောင်းမွန်ပါ တယ်။ ဒါပေမဲ့ မာကယ်နဲ့ပါတီ ဆက်ဆံရေးဟာ အားလျော့ပါ တယ်။ ကျွန်မအနေနဲ့ကတော့ သူနဲ့ ဆက်ဆံရေးထက် ပါတီနဲ့ဆက်ဆံ ရေးချောမွေ့စေဖို့ ရည်သန်ပါတယ်'' ဟု သူမကပြောသည်။


''နိုင်ငံစီးပွားရေးတိုးတက်မှု နှေးကွေးနေရခြင်းကို နှစ်ဦးပူး ပေါင်းဆောင်ရွက်အဖြေရှာ လုပ် ကိုင်ဆောင်ရွက်သွားမည်''ဟုလည်း ဆက်လက်ပြောကြားလိုက်သည်။ ဂျာမနီနိုင်ငံတွင် ဝန်ကြီးချုပ် ရာထူးအား ၂ဝ၂၁ ခုနှစ်အထွေ ထွေရွေးကောက်ပွဲဖြင့် တင်မြှောက် မည်ဖြစ်သည်။ 

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top