HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အယ်လ်ဘေးနီးယားနိုင် ငံတွင် ဒီမိုကရေစီ ဆန္ဒပြမှုများ ဖြစ်ပွား

အယ်လ်ဘေးနီးယားနိုင် ငံတွင် ဒီမိုကရေစီ ဆန္ဒပြမှုများ ဖြစ်ပွား

ထရာနာ၊ မေ ၁၂

အယ်လ်ဘေးနီးယားအစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူများသည် ရွေးကောက်ပွဲ၊ မသမာမှုများ၊ အဂတိလိုက်စားမှုများကိုဆန္ဒပြခဲ့ကြပြီး ဝန်ကြီးချုပ်ဘက်ဒီရာမာ၏ ရုံးအဝင်ဝနေရာအား ဓာတ်ဆီပုံးဖြင့် မေ ၁၁ ရက်က ပစ်ခတ်ခဲ့သည်ဟု မေ ၁၂ ရက်သတင်းများအရသိရှိရသည်။ နိုင်ငံအတွင်း အဂတိလိုက်စားမှု ကင်းစင်ရေး၊ ရွေးကောက်ပွဲတွင် မသမာမှုများပြုလုပ်ခဲ့ခြင်းကိုကန့်ကွက်ခြင်းနှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရေးတို့အား သုံးလကြာဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အယ်လ်ဘေးနီးယားနိုင်ငံသည် ကွန်မြူနစ်စနစ်ကျင့်သုံးသော ဘောလ်ကန်ဒေသနိုင်ငံတစ်ခုဖြစ်သည်။ သို့သော် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ယင်းနိုင်ငံသည်ကွန်မြူနစ်စနစ်အစား ဒီမိုကရေစီနိုင်ငံဖြစ်လာစေရေး တောင်းဆို ဆန္ဒပြမှုများရှိလာခဲ့သည်။

အယ်လ်ဘေးနီးယားနိုင်ငံအား အခြားခေတ်မီ ဥရောပနိုင်ငံများကဲ့သို့ တိုးတက်မှုများဖြစ်ပေါ်လာ စေရန် ပြည်သူအများကတောင်းဆိုလာခဲ့သည်။ ''ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကို အခြားဥရောပနိုင်ငံတွေလို ပြောင်းလဲတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်ချင်ပါတယ်''ဟု ဆန္ဒပြသူ တစ်ဦးဖြစ်သူ ဘာရှာက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဥ ရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က အတိုက် အခံဆန္ဒပြသူများသည် ဇွန် ၃ဝ ရက် ရွေးကောက် ပွဲလမ်းကြောင်းမှတစ်ဆင့် နိုင်ငံပြုပြင်ရေးများ ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

Ref: Reuters

#democracytoday

Rate this item
(0 votes)
back to top