HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ပါကစ္စတန် ဆိပ်ကမ်းမြို့ရှိ ဇိမ်ခံဟိုတယ် အတွင်းသို့ သေနတ်သမားများ ဝင်ရောက်စီးနင်း၊ လူတစ်ဦးသေဆုံး

ပါကစ္စတန် ဆိပ်ကမ်းမြို့ရှိ ဇိမ်ခံဟိုတယ် အတွင်းသို့ သေနတ်သမားများ ဝင်ရောက်စီးနင်း၊ လူတစ်ဦးသေဆုံး

ကူတာ၊ မေ ၁၂

ပါကစ္စတန်နိုင်ငံ အနောက် တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဂွါဒါမှ ဇိမ်ခံဟိုတယ် တစ်ခုအတွင်းသို့ သေနတ်သမားများ ဝင်ရောက်စီး နင်းခဲ့ပြီးနောက် လုံခြုံရေးအစောင့် တစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး အတွင်း ရှိလုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ များဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများ နှင့် စစ်တပ်ကပြောကြားခဲ့သည်။ ဘလူချီစတန်ပြည်ထဲရေးဝန်ကြီး ဇီယာ လူလာလန်ဂို့ဗ်က ကြယ်ငါး ပွင့်အဆင့်ရှိ Pearl Continental ဟိုတယ်မှ ဧည့်သည်အများစုကို ကယ်ထုတ်နိုင်ခဲ့ပြီး တိုက်ခိုက်မှု များ လုပ်ဆောင်နေချိန်တွင် ရဟတ် ယာဉ်များကလည်း ဝေဟင်မှဝန်းရံ ထားခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်သူများသည် အ စောင့်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အနည်းဆုံး အခြားနှစ်ဦးကို ဒဏ် ရာရရှိစေခဲ့သော်လည်း နောက်ဆုံး သေဆုံးသူအရေအတွက်ကို ထုတ် ပြန်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။ စစ်တပ်၏ အဆိုအရ အနည်းဆုံးသေနတ်သ မား သုံးဦးသည် ၎င်းတို့ဝင်ရောက် လာချိန်တွင် ဟိုတယ်ဝင်ပေါက်ရှိ အစောင့်တစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်းပြောကြားခဲ့သည်။ လုံခြုံ ရေးတပ်ဖွဲ့များကလည်း ယင်းဧရိ ယာကိုပိတ်ဆို့ထားပြီး ထိပ်ဆုံးအ ထပ်သို့သွားရောက်သည့် လှေကား တွင်တိုက်ခိုက်သူများကို ရင်ဆိုင် တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်က ကြေညာချက်တစ်ခုတွင် ပြောကြား ခဲ့သည်။


ပါကစ္စတန်နိုင်ငံမှ အဆင်းရဲ ဆုံးပြည်နယ်မှ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုက်ခိုက်ရေးအဖွဲ့ ဘလူချီစတန် လွတ်မြောက်ရေးတပ်ဖွဲ့က ယင်းတိုက်ခိုက်မှုသည် တရုတ်နှင့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ် ကြောင်း၊ အီးမေးလ်မှ ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ယင်းတိုက် ခိုက်မှုမှာ¤င်းတို့၏ လက်ချက်ဖြစ် ကြောင်းပြောဆိုထားသည်။ သောင်း ကျန်းသူများသုံးစွဲသည့် တွစ်တာ အကောင့်တစ်ခုတွင် တိုက်ခိုက်သူ များသည်¤င်းတို့၏ ပစ်မှတ်များ အားလုံးကို အောင်မြင်ရရှိခဲ့သော် လည်းတိုက်ခိုက်မှု ပြီးဆုံးခဲ့ကြောင်း တရားဝင် အတည်ပြုချက်ထုတ် ပြန်ခဲ့ခြင်းမရှိခဲ့ဘဲ လုံခြုံရေးတပ် ဖွဲ့များကပုန်းအောင်းနေသော အသက်ရှင်ကျန်ရစ်သည့် တိုက်ခိုက် သူမရှိကြောင်း ပြောဆိုထားသည်။ ဝန်ကြီးချုပ်အီမရန်ခန်က ယင်း တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချသည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ သည်။

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top