HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ယီမင် ဟူသီသူပုန်များ ဟိုဒီဒါဆိပ်ကမ်းမြို့မှ ရုပ်သိမ်းသွားပြီဟု ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ အတည်ပြု

ယီမင် ဟူသီသူပုန်များ ဟိုဒီဒါဆိပ်ကမ်းမြို့မှ ရုပ်သိမ်းသွားပြီဟု ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ အတည်ပြု

ဆာနား၊ မေ ၁၃

ယီမင်နိုင်ငံရှိ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့က ဟူသီသူ ပုန်အဖွဲ့များသည် ဟိုဒီဒါဆိပ်ကမ်း မြို့မှ ရုပ်သိမ်းသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်ကို ဆင်ဟွာသတင်းက မေ ၁၃ ရက် တွင် ဖော်ပြခဲ့သည်။ ပထမရက်တွင် ဟူသီတို့သည် ဟိုဒီဒါမြို့ရှိ နေရာသုံးခုမှရုပ်သိမ်း သွားခဲ့ကြောင်း၊ ဟိုဒီဒါ၊ ဆာလစ် နှင့် ရက်စ်အီဆာအရပ်တို့မှ ရုပ်သိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း တပ် ရွှေ့ပြောင်းရေးပူးပေါင်းညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ မိုက်ကယ်လို လက်စ်ဂတ်ဒ်က ပြောကြားသည်။

ဆိပ်ကမ်းသုံးခုစလုံးကို ကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့က ကြီးကြပ်လျက်ရှိကြောင်း၊ ဤလုပ်ငန်းကို ယီမင်ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မာတင်ဂရီးဖစ်သ် ၏ မေတ္တာရပ်ခံမှုကြောင့် လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ ပုံစံအရ အတည်ပြုခြင်းကို ကုလသမဂ္ဂအဖွဲ့က ပထမဆုံးတပ် ရုပ်သိမ်းခြင်းကို ဆိပ်ကမ်းသုံးခုမှ မေ ၁၄ ရက်တွင် စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားလိုက်သည်။


မေ ၁၁ ရက်တွင် ဟူသီသူပုန်တို့က ယီမင်ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒီဒါမှ စတင်ရုပ်သိမ်းခဲ့ကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် ဖာဟန်ဟက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ပြောခဲ့သည်။ ကုလသမဂ္ဂ၏စတော့ဟုမ်း သဘောတူညီချက်မှာ ကြာပြီဖြစ် သော်လည်း ယခုအချိန်မှသာ ကျယ် ပြန့်သောနိုင်ငံရေးဖြေရှင်းမှုကို စတင်နိုင်ခဲ့ကြောင်း၊ ဤသဘောတူ ညီချက်ကို ၂ဝ၁၈ ဒီဇင်ဘာလက ရရှိထားခဲ့ကြောင်း၊ ဟိုဒီဒါဆိပ်ကမ်း မှာ ဟူသီတို့ အဓိကနေရာဖြစ်ပြီး ယီမင်နိုင်ငံအတွက် အသက်သွေး ကြောဖြစ်သည်။

Ref: Xinhua

#democracytoday

Rate this item
(0 votes)
back to top