HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကိုတားဆီးရန် တောင်ကိုရီးယားက ဒုံးကျည်ကာကွယ်ရေးစနစ် တိုးမြှင့်မည်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကိုတားဆီးရန်  တောင်ကိုရီးယားက ဒုံးကျည်ကာကွယ်ရေးစနစ် တိုးမြှင့်မည်

ဆိုးလ်၊ မေ ၁၃

တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယား၏ တာတိုပစ် ဒုံးကျည်များအပါအဝင် ခြိမ်းခြောက် မှုများအားလုံးကို ပိုမိုတန်ပြန် တိုက်ခိုက်နိုင်ရန် ၄င်းတို့၏ ဒုံး ကျည်ကာကွယ်နိုင်စွမ်းကို ခိုင်မာ တောင့်တင်းစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ကာကွယ် ရေးဝန်ကြီးဌာနက မေ ၁၃ ရက် တွင် ပြောကြားခဲ့သည်။ ယင်းကတိ ပြုချက်သည် လွန်ခဲ့သော သီတင်း ပတ်က မြောက်ကိုရီးယားတို့၏ တာတိုပစ်ဒုံးကျည် စမ်းသပ်မှုများ ပြီးနောက် နိုင်ငံ၏ကာကွယ်ရေး စွမ်းဆောင်နိုင်ရည်အပေါ် စိုးရိမ် မှုများ မြင့်တက်လာမှုကို တုံ့ပြန် လိုက်ခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်အ တွင်း ပစ်ခတ်မှုများသည် မြောက် ကိုရီးယားက ကိုရီးယားကျွန်းဆွယ် တစ်ခုလုံးသို့ ရောက်ရှိနိုင်သည်ဟု ယုံကြည်ရသော ရုရှားတို့၏ အစ် ကန်ဒါပဲ့ထိန်း ဒုံးကျည်ကို စမ်းသပ် ခဲ့မှု ဖြစ်ပုံရကြောင်း ကျွမ်းကျင်သူ များကပြောဆိုထားသည်။ ကာကွယ် ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချွဲယောင်ဆူက ''ကျွန်မတို့ရဲ့ စစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ တာတိုပစ် ဒုံးကျည်တွေကနေ ဖြစ် ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ အလိုအလျောက်တုံ့ပြန် တဲ့စနစ်မှာ အလေးစိုက်မှုနဲ့အတူ ကျွန်မတို့ရဲ့ကိုယ်ပိုင် ဒုံးကျည်ကာ ကွယ်နိုင်စွမ်းရည်ကို တိုးမြှင့်နေပါ တယ်'' ဟု ပုံမှန်သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။ အလို အလျောက်တုံ့ပြန်သည့် စနစ် သည် ပဲ့ထိန်းဒုံးကျည်များကို ကာကွယ်ရန်အတွက်ဖြစ်သည်။


ပြောခွင့်ရပုဂ္ဂိုလ်ချွဲက ''ကျွန်မ တို့ဟာ ဘက်ပေါင်းစုံကနေလာတဲ့ ခြိမ်းခြောက်မှုတွေကိုထိထိရောက် ရောက် ကာကွယ်တားဆီးဖို့ ရည် ရွယ်ထားတဲ့ အဲ့ဒီလိုမျိုး စွမ်းဆောင် နိုင်ရည်တွေကို ဆက်လက်တိုးမြှင့် သွားမှာ ဖြစ်ပါတယ်'' ဟုထပ်လောင်း ပြောကြားခဲ့သည်။ တောင်ကိုရီးယား က မြောက်ကိုရီးယား၏ နျူကလီး ယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှု များကို တန်ပြန်မည့်အစီအစဉ်ကို ချပြလာချိန်တွင် ဖျက်အားပြင်း အခြားလက်နက်များနှင့် နျူကလီး ယားလက်နက်တို့ကို တုံ့ပြန်ရန် စနစ်တစ်ခုကို စတင်တည်ဆောက် လည်ပတ်နေပြီဟုဆိုသည်။ ပြောခွင့် ရပုဂ္ဂိုလ် ချွဲက ''တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေး အာဏာပိုင်တွေဟာ မြောက်ကိုရီး ယားရဲ့ ဒုံးကျည်လက်နက်တွေရဲ့ အသေးစိတ်ကို လေ့လာသုံးသပ်နေ ပြီး အသေးစိတ်အချက်အလက် တွေကိုတော့ ဒီအခြေအနေမှာ မရ နိုင်သေးပါဘူး''ဟု ပြောကြားခဲ့ သည်။

Ref:Yonhap

#democracytoday

Rate this item
(0 votes)
back to top