HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဗင်နီဇွဲလားနိုင်ငံရှိ နိုင်ငံခြားသံရုံးများတွင် အစိုးရဆန့်ကျင်သော နိုင်ငံရေးခိုလှုံသူများဖြင့် ပြည့်နေ  

ဗင်နီဇွဲလားနိုင်ငံရှိ နိုင်ငံခြားသံရုံးများတွင် အစိုးရဆန့်ကျင်သော နိုင်ငံရေးခိုလှုံသူများဖြင့် ပြည့်နေ   

ကာရာကတ်စ်၊ မေ ၁၃

ဗင်နီဇွဲလားနိုင်ငံတွင် အစိုးရဆန့်ကျင် ရေးဆန္ဒပြမှုများ နေ့စဉ်ပိုမိုအားကောင်း လာနေပြီး မာဒူရိုအစိုးရကလည်း ဆန္ဒပြ သူများအား ဖမ်းဆီးမှုများပြုလုပ်ခြင်း၊ ဆန္ဒပြပွဲများကို ဖြိုခွင်းခြင်းများပြုလုပ်ခဲ့သည်။  ဆန္ဒပြခေါင်းဆောင်များမှာ ဖမ်း ဆီးခြင်းမခံရခင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရခြင်းများ ပြုလုပ် ကြရသည်။

နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေး ခြင်းမပြုလုပ်နိုင်ကြသူများမှာ ဂွေဗားရားကဲ့သို့ အစိုးရဆန့် ကျင်ရေးခေါင်းဆောင်များသည် နိုင်ငံတွင်းရှိ နိုင်ငံခြားသံရုံးများ၌ ခိုလှုံနေကြရသည်။ ဗင်နီဇွဲလားနိုင် ငံအတွင်းရှိ အီတလီ၊ အာဂျင်တီး နား၊ စပိန်သံရုံးများတွင် လွန်ခဲ့ သော မေ ၁ဝ ရက်အတွင်းကပင် ခိုလှုံလာသူများရှိနေကြသည်ဟု မေ ၁၃ ရက် သတင်းများအရသိရသည်။

 

''ကျွန်တော်ဆိုရင် မာဒူရိုအ စိုးရက ဖမ်းမှာစိုးလို့ အိမ်မပြန်ခဲ့ တာ ၁၈ လလောက်ရှိပြီ။ ဒီမှာ တော့ သံရုံးဖြစ်နေတော့ အဖမ်း အဆီးမခံရဘဲ လုံခြုံမှုရှိပါတယ်''ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ် သူ လီယိုပိုလ်ဒိုလိုပက်ဇ်က စပိန် သံရုံးတွင် ခိုလှုံနေရာမှ ထုတ်ဖော် ပြောဆိုလိုက်သည်။ ဆန္ဒပြခေါင်းဆောင်တစ်ဦး ဖြစ်သူ ဂွေဗားရားကလည်း မိမိ အား ဖမ်းဆီးမည်ဟု သတင်းရရှိ ထား၍ အဖမ်းမခံနိုင်ဘဲ ချီလီသံ ရုံးသို့ပြေးဝင်ခိုလှုံခဲ့သည်ဟု ထုတ် ဖော်ပြောဆိုလိုက်သည်။

Ref ; AP

#democracytoday

Rate this item
(0 votes)
back to top