HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

မွန်ဂိုလီးယားတွင် နှင်းမုန်တိုင်းကျ၊ ခြောက်ဦး သေဆုံး

မွန်ဂိုလီးယားတွင် နှင်းမုန်တိုင်းကျ၊ ခြောက်ဦး သေဆုံး

အူလန်ဘာတာ၊ မေ ၁၄

မွန်ဂိုလီးယားနိုင်ငံအလယ် ပိုင်းနှင့် တောင်ပိုင်းတို့တွင် နှင်းမုန်တိုင်းကျရောက်ခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ရကြောင်း၊ မွန်ဂိုလီးယား အမျိုးသားအရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (NEMA)ကပြောကြား လိုက်ကြောင်း ဆင်ဟွာသတင်းက မေ ၁၄ ရက်တွင်ဖော်ပြလိုက်သည်။ နှင်းမုန်တိုင်းကျရောက်စဉ် ပျောက်ဆုံးသွားခဲ့သောလူပေါင်း ၇ဝ မှ ၆၄ ဦးကို ကယ်ဆယ်ရေးနှင့် အာဏာပိုင်များက အသက်ရှင်လျက် တွေ့ရှိခဲ့ရကြောင်း၊ NEMA  မှ လူထုဆက်ဆံရေးအရာရှိ ဘော်ဒူ လန်ဆူရင်က အူလန်ဘာတာမြို့ သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားလိုက်သည်။

အမ်နူဂိုဗီပြည်နယ်တွင် နိုမက် ဒစ်လူမျိုးစုလေးဦးနှင့် ယူဘာခန် ရိုင်ပြည်နယ်တွင် နှစ်ဦးတို့မှာ အေးခဲ၍သေဆုံးခဲ့ကြရကြောင်း ဒူလမ်ဆူ ရင်က ပြောကြားလိုက်သည်။ ကျွဲ၊ နွား၊ မြင်းစသည့် အိမ် မွေးတိရစ္ဆာန်များစွာမှာလည်း အ အေးဒဏ်ကြောင့် သေဆုံးသွားခဲ့ ကြရသည်ဟု သက်ဆိုင်ရာကပြော ခဲ့သည်။ လျှပ်စစ်ဓာတ်အားလိုင်းမှာ လည်း နှင်းမုန်တိုင်းကြောင့် ပြတ် တောက်သွားခဲ့ရသည်ဟု သူမက ပြောကြားလိုက်သည်။

လာမည့်ရက်များတွင်လည်း မွန်ဂိုလီးယားတွင် နှင်းမုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု မျှော်လင့်ရကြောင်း သူမက မှတ်ချက်ချခဲ့သည်။ သူမက မွေးမြူရေးသမားများအား အအေးဒဏ်ခံနိုင်သည့်နေရာ များတွင် ခိုအောင်းနေကြရန်လည်း သတိပေးပြောကြားလိုက်သည်။


မွန်ဂိုလီးယားတွင် နွေဦးရာသီချိန်နှင့် နှင်းမုန်တိုင်းကျရောက်သည် မှာ ထုံးစံဖြစ်နေသည်ဟုဆိုသည်။ မွန်ဂိုလီးယားမှာ ကမ္ဘာပေါ်၌နောက် ဆုံးကျန်ရှိသည့် နိုမက်ဒစ်နိုင်ငံဖြစ်သည်။ နိုင်ငံတွင်းရှိ နိုမက်ဒစ်လူမျိုး ၄ဝ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မွေးမြူရေးကို လုပ်ဆောင်ကြသည်။ ဤလုပ်ငန်းမှာ ၎င်းတို့၏အသက်မွေးဝမ်းကျောင်းဖြစ်သည်ဟုဆိုသည်။

Ref;Xinhua

#democracytoday

Rate this item
(0 votes)
back to top