HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

သီရိလင်္ကာနိုင်ငံတွင် ညမထွက်ရ အမိန့် ထုတ်ပြန်

သီရိလင်္ကာနိုင်ငံတွင် ညမထွက်ရ အမိန့် ထုတ်ပြန်

ကိုလံဘို၊ မေ ၁၄

သီရိလင်္ကာနိုင်ငံမြောက်ပိုင်း တွင် အီစတာမေ ၁၂ ရက်အကြမ်း ဖက်မှုအတွက် အာဏာပိုင်များက ကြိုတင်သတိထားနေဆဲ မေ ၁၃ ရက်က ပူတာလမ်ခရိုင်၌ မူဆလင် ဘာသာဝင်များနှင့် အဓိကရုဏ်း ဖြစ်ပွားကာ အသက် (၄၅)နှစ်ရှိ သူ မူဆလင်ဘာသာဝင်တစ်ဦး သေဆုံးသွားခဲ့ရ၍ မေ ၁၄ ရက်က နိုင်ငံတွင်း ညမထွက်ရအမိန့်ထုတ် ပြန်လိုက်သည်ဟု သတင်းများအရ သိရှိရသည်။ သီရိလင်္ကာနိုင်ငံမြောက်ပိုင်း နေရာအနှံ့အပြားတွင် လူအုပ်ကြီး များသည် မူဆလင်များပိုင်အိမ် များ၊ ဆိုင်များအဆောက်အအုံများ၊ ဗလီများအား မီးတင်ရှို့ခဲ့ကြသည် ဟု သိရှိရသည်။

''ကာဖျူးအမိန့်ကတော့ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မ ထုတ်ပြန်မချင်း တည်မြဲနေမှာပါ။ ဥပဒေနဲ့အညီ ရဲများဆောင်ရွက်မှု ကို စစ်တပ်ကအကူအညီပေးမှာပါ'' ဟု ပြောရေးဆိုခွင့်ရှိသူ ရူဝမ်ဂူနာ ဆီကာရာက ပြောဆိုလိုက်သည်။ ရဲများသည် အကြမ်းဖက်လူ အုပ်ကြီးအား သေနတ်မိုးပေါ် ထောင်ပစ်ခြင်း၊ မျက်ရည်ယိုဗုံးများ သုံး၍ လူစုခွဲခြင်းများ ပြုလုပ်ခဲ့ကြ ရသည်။ ဝမ်ဒါဟာခရိုင်တွင် မူဆလင် စားသောက်ဆိုင်များစွာ ဖျက်ဆီး ခြင်း၊ မီးတင်ရှို့ခြင်းများ ခံခဲ့ရသည်။


ညမထွက်ရအမိန့်အား ဝန် ကြီးချုပ်ရာနီးလ်ဝစ်ကရီမီဆင်းဂါး က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ သီရိလင်္ကာဘာသာရေးအ ဓိကရုဏ်းကြောင့် ဧပြီ ၂၁ ရက်မှ စတင်ကာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်း သုံးကျောင်း၊ ဟိုတယ် သုံးလုံးဖျက်ဆီးခံခဲ့ရပြီး၊ လူ ၂၅၈ ဦးသေဆုံးကာ ၅ဝဝ နီးပါးခန့် ဒဏ် ရာများ ရရှိသွားခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံတွင် လူဦး ရေ၏ ၁ဝ ရာခိုင်နှုန်းသည် ဗုဒ္ဓ ဘာသာဝင်များ၊ ၇ဒသမ၆ ရာခိုင် နှုန်းသည် ခရစ်ယာန်ဘာသာဝင် များဖြစ်ကြသည်။

Ref:AFP

#democracytoday

Rate this item
(0 votes)
back to top