HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အမေရိကန် အလာစကာပြည်နယ်တွင် လေယာဉ်နှစ်စင်း လေထဲ၌ တိုက်မိ သုံးဦးသေ၊ သုံးဦး ပျောက်ဆုံးနေ

အမေရိကန် အလာစကာပြည်နယ်တွင် လေယာဉ်နှစ်စင်း လေထဲ၌ တိုက်မိ သုံးဦးသေ၊ သုံးဦး ပျောက်ဆုံးနေ

အန်ကာရေးဂ်ျ၊ မေ ၁၄

အပျော်စီးသင်္ဘောတွင်လိုက် ပါလာခဲ့ကြသည့် ခရီးသွားများကို တင်ဆောင်၍ မြင်ကွင်း၊ ရှုခင်းများ ကြည့်ရှုသည့်လေယာဉ်ငယ်နှစ်စင်း မှာ အလာစကာအရှေ့တောင်ပိုင်း မြို့အနီးတွင် လေထဲ၌တိုက်မိခဲ့ရာ လူသုံးဦးသေဆုံးကာ အခြား သုံးဦးမှာ ပျောက်ဆုံးလျက်ရှိ ကြောင်း အလာစကာကမ်းခြေ စောင့်တပ်က ပြောကြားလိုက် ကြောင်း AP သတင်းက မေ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ ကက်ချီကန်ဒေသအနီး လေ ယာဉ်နှစ်စင်းတိုက်မိမှုတွင် လူသုံး ဦးပျောက်နေဆဲဖြစ်ကြောင်း ကမ်း ခြေစောင့်တပ် ဒုတိယဗိုလ်ဘရိုင် ယန်ဒိုင်ကင်စ်ကပြောကြားလိုက်သည်။

ရေပေါ်တွင် ဆင်းနိုင်သည့် လေယာဉ်များမမျှော်လင့်ဘဲ တိုက်မိမှုဖြစ်ပွားခဲ့ရကြောင်း၊ ပြည်ထောင် စုလေကြောင်းပျံသန်းရေးပြောခွင့် ရပုဂ္ဂိုလ်အေလင်ကီနက်ဇာက AP သို့ပေးသည့် ၎င်း၏ အီးမေးလ်တွင် ဖော်ပြခဲ့သည်။ ရေပေါ်ဆင်းလေယာဉ်များ၏ ကိုယ်ထည်အောက်တွင် ရေ ပေါ်ဆင်းကိရိယာကို တပ်ဆင် ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤလေယာဉ်မှာ ကုန်းရောရေရော ဆင်းသက်နိုင်သည်။ အင်ဂျင်တစ်လုံးတပ်တာကန် လေကြောင်းလိုင်းလေယာဉ်တွင် ခရီးသည် ၁၁ ဦးတင်ဆောင်ထား ခဲ့သည်။ ထိုအထဲမှ လူ ၁ဝ ဦးကို ကက်ချီကန်ဆေးရုံသို့ တင်ပို့ထား ကြောင်း သိရသည်။ ဆေးရုံတင်ပို့ ထားသူအားလုံးအခြေအနေကောင်း ကြသည်ဟု ကက်ချီကန်ဆေးရုံမှ ပြောကြားလိုက်သည်။


ခရီးသည်အားလုံးမှာ အ ပျော်စီးရွိုင်ရယ်ပရင့်စ်မှဖြစ်ပြီး ရှု ခင်းကြည့်လေယာဉ်ကို စီးခဲ့ကြခြင်း ဖြစ်သည်။ လေယာဉ်တစ်စင်းကို တက်ကန်လေကြောင်းလိုင်းမှဖြစ် ပြီး သက်ဆိုင်ရာက စစ်ဆေးမှုများ လုပ်နေစဉ် လေယာဉ်ပျံသန်းမှု အားလုံးကိုလည်း ရပ်ဆိုင်းထား လိုက်သည်ဟုဆိုသည်။ မိမိတို့ယနေ့ ပျက်စီးခဲ့ရ ကြောင်း၊ သေဆုံးသူ ဒုက္ခရောက်သူ များနှင့် မိသားစုများကို စာနာမိ ကြောင်း လေကြောင်းလိုင်းက ပြောကြားလိုက်သည်။ မိမိတို့က ခရီးသည်နှင့်လေယာဉ်ပိုင်းလော့ တို့ကို အကူအညီပေးနေသည်ဟု လည်း လေကြောင်းလိုင်းကပြော ကြားခဲ့သည်။


သေဆုံးသူ သုံးဦးမှာ ငါးဦး လိုက်ပါလာသည့်အခြားလေယာဉ် တစ်စင်းမှဖြစ်ကြောင်း၊ ဟာဗီလန် DHC-2  ဘီဗာလေယာဉ်ဖြစ် ကြောင်း ဒိုင်ကင်ကပြောကြားလိုက် သည်။ အပျော်စီးသင်္ဘောတာဝန် ရှိသူက သင်္ဘောကို ဆက်မထွက် ရဘဲ ရပ်ထားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု ခရီးသည် တစ်ဦးက AP သတင်းကို ပြော ကြားလိုက်သည်။ ဤလေယာဉ်တိုက်မှုအား FAA  နှင့်အမျိုးသားပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့က စုံစမ်း စစ်ဆေးလျက်ရှိကြောင်း၊ ထိုနေ့က ရာသီဥတုမှာလည်း တစ်နာရီလျှင် လေတိုက်နှုန်း ကိုးမိုင်သာရှိကြောင်း သိရသည်။ 

Ref; AP

#democracytoday

Rate this item
(0 votes)
back to top