HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အရှေ့အလယ်ပိုင်းသို့ အမေရိကန် စစ်သည်များ စေလွှတ်မည် မဟုတ်ဟုဆို  

အရှေ့အလယ်ပိုင်းသို့ အမေရိကန် စစ်သည်များ စေလွှတ်မည် မဟုတ်ဟုဆို   

ဝါရှင်တန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံနှင့် တင်းမာမှုပြင်းထန်လာပါက အရှေ့အလယ်ပိုင်းသို့ စစ်သည် ၁၂ဝဝဝဝ စေလွှတ်ရန် စီစဉ်နေသည်ဟူသော နယူး ယောက်တိုင်းမ်သတင်းစာ၏ ရေးသားဖော် ပြမှုကို ပယ်ချလိုက်ကြောင်း သိရသည်။  ထရန့်က အဆိုပါသတင်းမှာ အတုအ ယောင်သတင်းတစ်ပုဒ်သာဖြစ်သည်ဟုထင် ကြောင်း မေ ၁၄ ရက်က ပြောကြားခဲ့သည်။

အလားတူပင် အမေရိကန်ပြည်ထောင်စုအနေနှင့် အရှေ့အလယ်ပိုင်းသို့ စစ်သည် များစေလွှတ်ရခြင်းရှိမည်မဟုတ်ဟု မျှော်လင့် ကြောင်း၊ အကယ်၍ စေလွှတ်ရမည်ဆိုပါက သတင်းတွင် ဖော်ပြထားသည့် စစ်သည်အရေ အတွက်ထက် ပိုမိုစေလွှတ်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။


အချို့သောသတင်းဌာနတို့၏ ရေးသား ဖော်ပြမှုတွင်မူ အမေရိကန်အစိုးရ၏ ကနဦး လေ့လာသုံးသပ်ချက်တွင် ညွှန်ပြမှုအရ အီရန် နိုင်ငံက ထောက်ခံအားပေးထားသော လက် နက်ကိုင်တပ်ဖွဲ့သည် မေ ၁၂ ရက်က ဆော်ဒီ အာရေဗီးယား ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်သည့် အဖျက်အမှောင့်လုပ်ရပ်တွင် ပါဝင်ပတ်သက်နေဖွယ်ရှိသည်ဟု ဆိုသည်။


ထရန့်အစိုးရအဖွဲ့ကမူ အီရန်နိုင်ငံနှင့် စစ်ဖြစ်ရန် ကြိုးပမ်းခြင်းမရှိကြောင်း၊ သို့ရာ တွင် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ¤င်း၏မဟာမိတ်များကို တိုက်ခိုက်လာသည့် မည်သည့်တိုက်ခိုက်မှုကိုမဆို အကြီးအကျယ် လက်တုံ့ပြန်ခံရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Ref: USA TODAY , NHK

#theyangontimes

Rate this item
(0 votes)
back to top